နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

၂၀ ရာစု ဥပဒေပညာရှင် ပါမောက္ခ ကယ်(လ်)စင်

ပါမောက္ခ ကယ်(လ်)စင်သည် သြစတြီးယားနိုင်ငံသား၊ ဥပဒေပညာရှင်၊ တွေးခေါ်ရှင်တစ်ဦး ဖြစ်သည်။ ၄င်းသည် ၂ဝ ရာစုတွင် ဆီဗီလ် ဥပဒေစနစ် (Civil Law System)ကိုပို၍ ပြည့်စုံခိုင်ခန့်စေသော '' အခြေခံဥပဒေဆိုင်ရာ မူဝါဒသစ်၊ သီဝရီသစ် '' ကိုဖော်ထုတ်ခဲ့သည့်ပြင် ၄င်းသီဝရီအရ လက်တွေ့လည်း အကောင်အထည်ဖော် လက်ခံကျင့်သုံးလျက်ရှိသည်။ ၄င်း၏သုတေသန 'ပရိုဂျက်' လုပ်ငန်းစဉ်များ၊ စာတမ်းများ၊ ပို့ချချက်များနှင့် ဥပဒေကျမ်းများသည် ကမ္ဘာကျော်၍ ဥပဒေ ပညာရှင်များ၏ ယုံကြည်လေးစားခြင်းခံရသူ ဖြစ်သည်။ ယနေ့ကမ္ဘာ၏နိုင်ငံပေါင်း(၇ဝ)ကျော်က လက်ခံကျင့်သုံးလျက်ရှိသော ကယ်(လ်)စင်၏ သီဝရီ၊ အခြေခံဥပဒေရေးရာမူဝါဒသည်ကား — '' အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းများ၏ ပြုလုပ်ဆောင်ရွက်ချက်များသည် – (အခြေခံ ဥပဒေဆိုင်ရာ တရားမျှတမှု - " Constitutional Justice " အတွက်) — အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ - မရှိ စိစစ်နိုင်ရန် - သို့မဟုတ် - အခြေခံဥပဒေနှင့်မညီသော ပြုလုပ်မှုများကို စီရင်ဆုံးဖြတ် ပယ်ဖျက် နိုင်ရန် — အခြေခံဥပဒေဆိုင်ရာတရားရုံး၊ ခြားဖွဲ့စည်းတည်ထောင်၍ '' အခြေခံဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုပိုင်ခွင့်'' အပါအဝင် အခြေခံဥပဒေဆိုင်ရာ စီရင်ပိုင်ခွင့် (Constitutional Jurisdiction ) အာဏာများအပ်နှင်း ဆောင်ရွက်စေရေး—(တစ်နည်း)— ဥပဒေက ခွင့်ပြုသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းက တင်သွင်းလာသည့် တင်သွင်းလွှာပါ အခြေခံဥပဒေဆိုင်ရာ အငြင်းပွား ပြဿနာကို အခြေခံဥပဒေဆိုင်ရာ တရားရုံးက လက်ခံကြားနာ အဆုံးအဖြတ် ပေးရေး --'' ဖြစ်သည်။

  [ According to the Constitutional doctrine and the theory of Hans Kelsen, its meant for the ' Constitutional review.' ' Constitutional review' : - is the Constitutional Court's power to review the Constitutionality of the acts of the legislative and executive powers; OR -- is the Court's power to invalidate legislative and executive actions as being unconstitutional.]

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin
မန္တလေးမြို့

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin