နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

အာရှဒေသဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့်အဆင့်တူအဖွဲ့အစည်းများ အသင်း (AACC)၏ စီမံကိန်းနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံးက ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ဆက်ဆံရေးအရာရှိများအစည်းအဝေး(Online)သို့ တက်ရောက်

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်

  အာရှဒေသ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများ အသင်း(AACC)၏ စီမံကိန်းနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အမြဲတမ်းအတွင်းရေးမှူးချုပ် အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ၂၀၂၄ ခုနှစ် ဆက်ဆံရေးအရာရှိများအစည်းအဝေးကို ၁၉-၁၁-၂၀၂၄ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂:၃၀ နာရီမှ ၂:၃၀ နာရီအထိ Online မှတစ်ဆင့် ကျင်းပခဲ့ပါသည်။

  အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားလှယ်များအဖြစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးသိန်းဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခိုင်ဇာသွယ်တို့တက်ရောက်ခဲ့ပြီး အသင်းအဖွဲ့ဝင်နိုင်ငံ ၁၆ နိုင်ငံတို့မှ ကိုယ်စားလှယ် စုစုပေါင်း ၃၁ ဦး တက်ရောက်ခဲ့ပါသည်။

  အစည်းအဝေးတွင် AACC အသင်းကြီးသို့ ငွေကြေးထည့်ဝင်မှုနှင့်စပ်လျဉ်း၍ နိုင်ငံအလိုက် ပြည်တွင်းလုပ်ထုံးလုပ်နည်းအဆင့်ဆင့်နှင့် ဆောင်ရွက်ရမည့် အချိန်ကာလကြာမြင့်မှုတို့ကို လည်းကောင်း၊ ၂၀၂၅ ခုနှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ကျင်းပမည့် အပြည်ပြည်ဆိုင်ရာကာလတိုသင်တန်းတွင် ဆွေးနွေးလိုသည့် အကြောင်းအရာ များကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ်အတွင်း AACC အဖွဲ့ဝင်နိုင်ငံများ၏ အပြည်ပြည်ဆိုင်ရာ အခမ်းအနားများ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များနှင့် ခန့်မှန်းကာလများကိုလည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin
မန္တလေးမြို့

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin