နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ နှင့် အဆင့်တူအဖွဲ့အစည်းများအသင်း(AACC)၏ အဖွဲ့ဝင်များအစည်းအဝေးနှင့် အပြည်ပြည် ဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း

နေပြည်တော်၊၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၇ရက်

  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးကျော်ဆန်း သည် ဩဂုတ်လ ၂၆ ရက်နေ့ မှ ၂၇ ရက်နေ့အထိ Video Conferencing စနစ်ဖြင့် ကျင်းပသည့် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း(AACC- The Association of Asian Constitutional Courts and Equivalent Institutions) ၏ အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲနှင့် ဘုတ်အဖွဲ့ဝင်များအစည်းအဝေးသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဉပဒေဆိုင်ရာခုံရုံးမှ ပါဝင်တက်ရောက်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင်ဦးကျော်ဆန်းနှင့်အတူ ခုံရုံးအဖွဲ့ဝင် ဒေါ်နန်းစန္ဒာစမ်း ပါဝင်တက်ရောက်သည်။

  အဆိုပါ အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲသည် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများ အသင်း(AACC) ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်လျက်ရှိသော ကာဇက်စတန်သမ္မတနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာကောင်စီ က “The Internet Era: The Rule of Law, the Values of Person, the State Independence” ခေါင်းစဉ်ဖြင့် ဦးဆောင်ကျင်းပခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ စာတမ်း ဖတ်ပွဲသို့ ကာဇက်စတန်နိုင်ငံ သမ္မတ Mr. Kassym-Jomart TOKAYEV အပါအဝင် အစိုးရ အဖွဲ့ဝင်များ၊ ကာဂျစ်စတန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ မြန်မာနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ရုရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ စသည့် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်းဝင်နိုင်ငံ ၁၇ နိုင်ငံတို့မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး/ ကောင်စီ/ ခုံရုံးများ၏ တရားသူကြီး ချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများ၊ ကမ္ဘာ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများညီလာခံ (World Conference on Constitutional Justice (WCCJ)) ၏ အထွေထွေအတွင်းရေးမှူးချုပ်၊ ဥရောပဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများအသင်းနှင့် မော်ဒိုဗာနိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပ‌ဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ ဥပဒေပညာရှင်တို့ တက်ရောက်ကြသည်။

  အဆိုပါစာတမ်းဖတ်ပွဲတွင် “ဒစ်ဂျစ်တယ်စနစ်နှင့် နိုင်ငံ၏ အချုပ်အခြာအာဏာ”၊ “လူ့အခွင့်အရေးများကို အာမခံပေးခြင်းနှင့် အင်တာနက်လွတ်လပ်ခွင့်” ၊ “နိုင်ငံနှင့် နိုင်ငံ၏ အခွင့်အာဏာ”စသည့် ခေါင်းစဉ်များနှင့်စပ်လျဉ်း၍ တက်ရောက်လာကြသည့် အာရှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (AACC) အဖွဲ့ဝင်နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ ဥပဒေပညာရှင်များက စာတမ်း များ ဖတ်ကြားခဲ့ပြီး အသိအမြင်အတွေ့အကြုံဗဟုသုတများကို ဖလှယ်ခဲ့ကြသည်။

  ထို့အတူ ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင်ကျင်းပသည့် အာရှဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း(AACC)၏ အထွေထွေ အတွင်းရေးမှူးချုပ်များ အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးလှဌေးနှင့် ညွှန်ကြားရေးမှူး ဦးညီညီလွင်တို့ တက်ရောက်ခဲ့ကြသည်။

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin
မန္တလေးမြို့

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin