နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

အာရှနိုင်ငံများ၏ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများ နှင့် အဆင့်တူ အဖွဲ့စည်းများအသင်း၏ တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း

နေပြည်တော်၊၂၀၂၁ခုနှစ်၊ နိုဝင်ဘာ ၁၁

   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးခင်မောင်ဦးနှင့် ဒေါ်နန်းစန္ဒာစမ်း တို့သည် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူ အဖွဲ့အစည်းများ အသင်း (AACC- The Association of Asian Constitutional Courts and Equivalent Institutions) ၏ တတိယ အကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲသို့ Video Conferencing စနစ်ဖြင့် ပါဝင်တက် ရောက်ကြ သည်။

  အဆိုပါ အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲသည် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး များနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း(AACC) ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထွေထွေ အတွင်းရေးမှူးချုပ်ရုံးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော ကိုရီးယားသမ္မတနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးက နိုဝင်ဘာလ ၁၀ ရက်နေ့ မှ ၁၁ ရက်နေ့အထိ ဦးဆောင် ကျင်းပသည့် စာတမ်း ဖတ်ပွဲဖြစ်သည်။ အဆိုပါ အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲကို“ Constitutional Rights and AACC Members”ခေါင်းစဉ်ဖြင့်ကျင်းပခြင်းဖြစ်သည်။အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများ၏ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးများ နှင့်အဆင့်တူ အဖွဲ့အစည်းများအသင်း(AACC) အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော ကာဇက်စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျော်ဒန်နိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံ၊ တူရကီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ရုရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံတို့မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး/ ကောင်စီ/ ခုံရုံးများ၏ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများ၊ အထွေထွေအတွင်းရေးမှူးချုပ်များ၊ ဥပဒေ ပညာရှင်များနှင့် ဗင်းနစ်ကော်မရှင်နှင့် စင်ကာပူနိုင်ငံ တက္ကသိုလ်တို့မှ ဥပဒေပညာရှင်များ တက်ရောက် ကြသည်။

  အဆိုပါ အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲကို အပိုင်း(၃) ပိုင်းဖြင့် ကျင်းပပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် “Constitutional Rights; New Challenges in Myanmar" ခေါင်းစဉ်ဖြင့် စာတမ်းကို ဖတ်ကြားဆွေးနွေးသည်။ အဆိုပါ ဆွေးနွေးချက်တွင် မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် အခြေခံ ဥပဒေ အရ ကုစားခွင့် အခွင့်အရေးများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းလွှာ တင်သွင်းခွင့်ရှိသည့် ပုဂ္ဂိုလ်များ၊ မူလတရားရုံးတရုံးမှ အမှုတစ်မှုကို စစ်ဆေးစီရင်ဆဲ ကာလအတွင်း ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်း ချက်အပေါ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ညီညွတ်မှု ရှိမရှိ အငြင်းပွားမှုဖြစ်ပေါ်ပါက အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ သတ်မှတ်နည်းလမ်းများနှင့်အညီ အဆုံးအဖြတ်ရယူရန် အကြောင်းအချက်များနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာခုံရုံးက ရင်ဆိုင်တွေ့ကြုံလျက်ရှိသည့် စိန်ခေါ်မှုများ စသည့် အကြောင်းအရာများ ပါဝင်သည်။ ထို့အတူ အာရှ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (AACC) အဖွဲ့ဝင် နိုင်ငံများမှ ဥပဒေပညာရှင်များကလည်း စာတမ်းများဖတ်ကြားခဲ့ပြီး အသိအမြင် အတွေ့အကြုံ ဗဟုသုတ များကို ဖလှယ်ခဲ့ကြသည်။

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin
မန္တလေးမြို့

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin