နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

ဆဋ္ဌမအကြိမ်မြောက်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခြင်း

နေပြည်တော်၊ ၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၁၄

   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဝန်ထမ်းမိသားစုများ၏ ဆဋ္ဌမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၁၄.၇.၂၀၁၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ ရုံးအမှတ် ၅၄ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

   ပထမဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ်တရား နာယူကြသည်။ ထိုနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ထို့နောက် ဗုဒ္ဓသာသနံစိရံသိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့သည်။

   အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ ဦးမျိုးညွန့်နှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း အမှုထမ်းများ တက်ရောက်ကြသည်။

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin
မန္တလေးမြို့

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin