နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

Democracy Reporting International (DRI)မှ သင်တန်းသားသင်တန်းသူများ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ လာရောက်လေ့လာ

နေပြည်တော်၊၂၀၁၉ခုနှစ်၊ မေလ ၃၀ရက်

  Democracy Reporting International (DRI)မှ သင်တန်းဆရာ (၃)ဦးနှင့် သင်တန်း သား သင်တန်းသူ (၃၁)ဦး ပါဝင်သော လေ့လာရေးအဖွဲ့သည် နေပြည်တော်၊ ရုံးအမှတ်(၅၄)ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ယနေ့ မွန်းလွဲ ၂:၀၀ နာရီတွင် လာရောက် လေ့လာကြသည်။

  လေ့လာရေးအဖွဲ့အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးမြင့်ဝင်း က ခုံရုံး ရုံးခန်းအမှတ်(၂)တွင် လက်ခံတွေ့ဆုံခဲ့သည်။ ပထမဦးစွာ ခုံရုံးအဖွဲ့ဝင် ဦးမြင့်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း၊ နိုင်ငံတကာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးသိန်းဝင်းက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များ နှင့်ပတ်သက်၍ power point ဖြင့်ရှင်းလင်းခဲ့ပြီး သုတေသနနှင့် လေ့ကျင့်ရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ပိုင်က ခုံရုံး Website နှင့် Online Law Library အသုံးပြုပုံ အဆင့်ဆင့်ကိုရှင်းလင်းပြောကြားခဲ့သည်။

  ထို့နောက် လေ့လာရေးအဖွဲ့မှ သင်တန်းသား သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ညွှန်ကြားရေးမှူး ဦးမင်းသိမ်းက ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ ခုံရုံး အဖွဲ့ဝင် ဦးမြင့်ဝင်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး လေ့လာရေးအဖွဲ့ဝင်များသည် ခုံရုံးတရားစီရင်ရေး ရုံးခန်းအမှတ်(၁)သို့ သွားရောက်လေ့လာခဲ့ကြသည်။

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin
မန္တလေးမြို့

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin