နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

ကချင်ပြည်နယ်

ကချင်ပြည်နယ်

မြန်မာနိုင်ငံမြောက်ဖျားမှာ ကချင်ပြည်နယ်တည်ရှိပါတယ်။ အရှေ့နဲ့မြောက်မှာ တရုတ်နိုင်ငံ၊ တောင်ပိုင်းမှာ ရှမ်းပြည်နယ်နဲ့ အနောက်ဘက်မှာ စစ်ကိုင်းတိုင်းနဲ့ အိန္ဒိယနိုင်ငံတို့က ဝန်းရံထားတယ်။ ပြည်နယ်မြို့တော်က မြစ်ကြီးနားမြို့ဖြစ်ပါတယ်။ အခြားအရေးပါတဲ့မြို့တွေကတော့ ဗန်းမော်၊ ပူတာအိုနဲ့ မိုးညှင်းမြို့တို့ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ မြန်မာနိုင်ငံရဲ့အမြင့် ဆုံးတောင်ဖြစ်တဲ့ ခါကာဘိုရာဇီ(၅၈၈၉)မီတာတည်ရှိပြီး မြန်မာနိုင်ငံရဲ့အကြီးမားဆုံးရေကန်ဖြစ်တဲ့ အင်းတော်ကြီးအိုင် တည်ရှိပါတယ်။ ခါကာဘိုရာဇီတောင်ဟာ အရှေ့တောင်အာရှမှာ အမြင့်ဆုံးတောင်ဖြစ်ပြီး မြန်မာနိုင်ငံမြောက်ဖျားမှာ တည် ရှိပါတယ်။ အင်းတော်ကြီးအိုင်က အရှေ့တောင်အာရှမှာ အကြီးဆုံးရေကန်ကြီးဖြစ်ပြီး ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ တည် ရှိပါတယ်။ ကချင်ပြည်နယ်ရဲ့လူဦးရေက အခြားပြည်နယ်၊တိုင်းတွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် ဒဿမမြောက်ဖြစ်ပါတယ်။ ကချင်ပြည်နယ်က ကျောက်စိမ်းနဲ့ ရွှေသတ္တူထွက်တာကြောင့် ကျော်ကြားပါတယ်။ ကချင်ပြည်နယ်မှာ အပန်းဖြေလည်ပတ် ချင်စရာတွေ အများကြီးရှိတာကြောင့်လည်း ကျော်ကြားပါတယ်။


ကချင်ရိုးရာဓလေ့ထုံးစံများ

ကချင်တိုင်းရင်းသားတို့သည် တိဘက်မြန်မာအုပ်စုဝင်များ ဖြစ်ကြသည်။ ဂျိန်းဖော၊ အဇီး(ဇိုင်းဝါး)၊ လရှီ(လာချိ)၊ လီဆူ၊ ရဝမ်နှင့် မရှု(လော်ဝေါ) မျိုးနွယ် ၆ မျိုးကို စုပေါင်း၍ ကချင်ဟု ခေါ်လေ့ရှိကြပြီး ကချင်ပြည်နယ်တွင် ရှမ်းကြီး၊ ရှမ်းတရုတ်၊ ရှမ်းမြန်မာ၊ ဂဒူးစသော မျိုးနွယ် ၄ မျိုး ပါဝင်သော ရှမ်းများနှင့် ချင်း၊ ပလောင်၊ နာဂတို့ပါ နေထိုင်ကြသည်။


ဘာသာစကားနှင့် စာပေ

ဘာသာစကားမှာ ဂျိန်းဖောစကား၊ မရူစကား၊ ရဝမ်စကား၊ လီဆူစကား ဟူ၍ စကားကြီး ၄ မျိုးရှိပြီး၊ လရှီစကားနှင့် အဇီးစကားတို့မှာ မရူစကားမှ ခွဲထွက်လာသော စကားများဖြစ်သည်။ ဂျိန်းဖောစကား ကို လူသုံးအများဆုံး ဖြစ်သည်။ မရူစကားမှာ ဒုတိယ လူသုံးအများဆုံး ဖြစ်သည်။


ဝတ်စားဆင်ယင်မှု

ကချင်တိုင်းရင်းသားတို့က အမည်းရောင်ဝတ်သည်။ လရှီ၊ လီဆူနှင့် အဇီးတို့က ခေါင်းပေါင်းကို ထူထူထဲထဲ ပေါင်းထုပ်သဖွယ် ပေါင်းကြ၍ ဂျိန်းဖောနှင့် မရူတို့က ပါးပါးပေါင်းကြသည်။ မြောက်ပိုင်းနေ တိုင်းရင်းသားတို့က လုံကွင်းကို တိုတိုဝတ်ကြ၍ တောင်ပိုင်းနေ တိုင်းရင်းသားတို့က ရှည်ရှည်ဝတ်ကြသည်။


ကိုးကွယ်ယုံကြည်မှု

ကချင်ပြည်နယ်တွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူများ၊ ခရစ်ယာန် ဘာသာကိုးကွယ်သူများ၊ နတ်ကိုးကွယ်သူများ ဟူ၍ ရှိကြသည်။ ဘာသာကိုးကွယ်သူများသည် သက်ဆိုင်ရာဘာသာကို လေးစားသမှု အထူးရှိကြသည်။ မိမိတို့ ဘာသာအလိုက် ယုံကြည်ရာ ကချင် ပြည်နယ်တွင် နတ်ကိုးကွယ်သူ များပြားသည်။ နတ်ကိုးကွယ်မှုမှာ အဓိက ဖြစ်သည်။ နတ်များ ကျေနပ်မှုရစေရန် အရေးကြီးသဖြင့် ယဇ်ကောင်များဖြင့် နတ်များကို ပူဇော်ပသရသည်။ ရွာအဝင် တွင် ကျေးရွာဆိုင်ရာ နတ်ကွန်းများ တွေ့နိုင်သည်။ နှစ်စဉ် နတ်ပူဇော်ပွဲ ကျင်းပချိန်တွင်သာ မွမ်းမံလေ့ရှိသည်။ အမြဲထိန်းသိမ်းထားလေ့ရှိသော နတ်ကွန်းမှာ မြေနတ်၏ နတ်ကွန်းဖြစ်သည်။ ယင်းနတ်ကွန်းကို ကျောက်ဘုံများဖြင့် ဝိုင်းရံထားခြင်း၊ ဝန်းခတ်ထားခြင်းများ ပြုလုပ်လေ့ရှိသည်။ အိမ်များတွင် နတ်ကွန်းကို အိမ်ရှေ့၌ ထားပြီး နတ်စင်ကို အိမ်ဦးခန်း၌ ထားသည်။ အချို့ကျေးရွာရှိ အိမ်များတွင် ရှေးယခင်ကတည်းက ပူဇော်ခဲ့သော ယဇ်ကောင်များ၏ ခေါင်းခွံများအား ဆင့်ကဲ ချိတ်ဆွဲထား သည်ကို တွေ့ရပေမည်။


အုပ်ချုပ်မှုအစဉ်အလာ

ကျေးရွာတွင် အကြီးအကဲအဖြစ် ကချင်ဒူးဝါး တစ်ဦးရှိသည်။ ၎င်း၏ အိမ်ခေါင်း၌ ကျွဲချိုကဲ့သို့သော သစ်ပြားဖြင့် ပြုလုပ်သည့် အိမ်ချို တပ်ဆင်ထားသည်။ ကျေးရွာအုပ်စု များနှင့် ဒူးဝါး နယ်မြေများကို အုပ်ချုပ်ရန် ပြည်နယ်အစိုးရက တောင်အုပ်များနှင့် တောင်တန်း ဝန်ထောက်များကို ခန့်ထားပေး သည်။ လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီများကိုပါ ယခုအချိန်တွင် တွဲဖက်ပေးထားသည်။ ထုံးစံအရ ရိုးရာဥပဒေများသာ ရှိသည်။ ချိုးဖောက်ပါက ဝဋ်ကျွေးပေးဆပ်ခြင်း ပြုရသည်။ ဖဂါ ခေါ် လက်ဆောင်အဖြစ် အဖိုးတန်ပစ္စည်း တစ်မျိုးမျိူးကို ကွမ်းဘိုးအဖြစ် ပေးရသည်။ ဓါး၊ လှံ၊ သန္တာပုတီး၊ သေနတ် စသည်တို့ကို အသုံးပြုသည်။


ရိုးရာယဉ်ကျေးမှု

လူတစ်ဦးတစ်ယောက်၏ ကျန်းမာရေးသည် နတ်တို့နှင့် သက်ဆိုင်သည်ဟု ယုံကြည်ကြသည်။ မကျန်းမာလျှင် နတ်ဟောဆရာထံ မေးမြန်း၍ သက်ဆိုင်ရာ နတ်တို့အား ပူဇော်ပသရသည်။ ဆင်းရဲနွမ်းပါးသူများပင်လျှင် ကြွေးခံ၍ နတ်ကန်တော့ရသည်။ နတ်ဆရာများသည် ဘာသာရေးတွင်သာမက လူမှုရေးတွင်ပါ အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အတိတ်နိမိတ် ကောက်ယူခြင်း၊ အဆောင်များထားခြင်းတို့ကို ပြုတတ်၍ စုန်းများရှိပြီး ပြုစားတတ်သော အတတ်ပညာများ ရှိသည်ဟုလည်း ယုံကြည်ကြသည်။ မဒိုင်နတ်ခေါ် ကောင်းကင်နတ်ကို မူတည်၍ အကြောင်းအမျိုးမျိုးကြောင့် မနောပွဲကျင်းပကြရာ အရေးကြီးသော မနောပွဲငါးမျိုး ရှိသည်။

– ပဒန်မနော (စစ်အောင်ချိန် အောင်ပွဲခံသည့်ပွဲ။)

– ဆွတ်မနော (ဓနဥစ္စာ တိုးတက်ချိန်၌ မနာလို ဝန်တိုသူများရှိ၊ မရှိ ပေးဆပ်ရန် ကြွေးရှိ၊ မရှိ ရယူရန် ကြွေးရှိ၊ မရှိ စုံစမ်းရင်း ဆွေသစ်မျိုးသစ် မိတ်သင်္ဂဟသစ် ဖွဲ့သောပွဲ။)

– ဂျူမနော (မကျန်းမာသည့်အခါနှင့် အသက်အရွယ် ကြီးရင့်သော အဘိုးအို၊ အဘွားအိုများ သေဆုံးသည့်အခါ ကျင်းပသောပွဲ။)

– ကွမ်ရန်မနော (အိမ်သားဖြစ်သူ ညီအစ်ကို တစ်ဦးဦး နယ်မြေသစ် တည်ထောင် နေထိုင်ကြသော အချိန်တွင် မဒိုင်နတ်ကို ဝေချမ်းပင့်ဆောင်ယူ သော အထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲ။)

– ရှဒမ်ဖေါ့မနော (နယ်မြေသစ် တည်ထောင်ပြီး မဒိုင်နတ်အား နေရာပြသော အထိမ်းအမှတ်၊ နယ်မြေသစ်ရှိ မကောင်းဆိုးဝါးများကို နှင်ထုတ် သော အထိမ်းအမှတ်အဖြစ် ကျင်းပသောပွဲ။)

မနောပွဲအပြင် အိမ်သစ်တက်ပွဲ၊ မင်္ဂလာဆောင်ပွဲ၊ အသုဘပွဲ၊ နတ်ပူဇော်ပွဲနှင့် ကောက်သစ်စားပွဲ စသော အခြားပွဲလမ်းများ ရှိသေးသည်။


ထင်ရှားသောနေရာများ

မြစ်ကြီးနား

ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားက ဧရာဝတီမြစ်ကမ်းရဲ့မြင့်မားတဲ့ကုန်းမြေမြင့်ဒေသမှာ တည်ရှိပါတယ်။ မီးရထား လမ်းဆုံမြို့လည်း ဖြစ်ပြီး တိုင်းရင်းသားမျိုးနွယ်ပေါင်းစုံယှဉ်တွဲနေထိုင်ကြပါတယ်။ လယ်တောမြေတွေနဲ့ ဥယျာဉ်ခြံမြေ တွေကို လည်း ဧရာဝတီမြစ်ရိုးတလျှောက် တွေ့မြင်နိုင်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကျောက်မျက်ရတနာတွေကို ကချင် ပြည်နယ်မှာ ဝယ်ယူရရှိနိုင်ပါတယ်။ ဒါ့အပြင် ကချင်ရိုးရာဝတ်စုံ၊ လက်မှုပစ္စည်းတွေနဲ့ အခြားယဉ်ကျေးမှုဆိုင်ရာ အထည်နဲ့ အစားအစာတွေကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။ မြစ်ကြီးနားမြို့လယ်မှာ ရုံတွင်းဈေးကြီးရှိပြီး မြန်မာ့မောင်းတူရိယာတွေ ဝယ်ယူနိုင်ပါတယ်။ သုံးရက်ဈေးတွေကတော့ စိတ်ဝင်စားစရာ ပြည်တွင်းထုတ်ကုန်အမျိုးမျိုးနဲ့ မျောက်ဦးခေါင်းခွံနဲ့ ပြုလုပ်ထားတဲ့ခွက်တွေကိုလည်း ဝယ်ယူနိုင်ကြောင်းပါ။


ပူတာအို

မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် ၂၁၈မိုင်အကွာအဝေးမှာ ပူတာအိုမြို့တည်ရှိပါတယ်။ ပူတာအိုကို လေကြောင်းခရီးနဲ့ပဲ သွားရောက်နိုင်ပြီး တိုင်းရင်းသားပေါင်းစုံ အတူယှဉ်တွဲနေထိုင်နေကြတာဖြစ်ပါတယ်။ မူလာမြစ်ကို ဖြတ်ပြီးထိုးထားတဲ့ မူလာရှီဒီးကြိုးတံတားကို မြို့နဲ့ ၇မိုင်အကွာအဝေးမှာ တွေ့မြင်နိုင်ပါတယ်။ အသက်ရှုမှားလောက်တဲ့ မြောက်ပိုင်း ရှုခင်း အလှတွေကို ခံစားလေ့လာရင်း ကချင်တိုင်းရင်းသားတွေဖြစ်တဲ့  ဂျိမ်းဖော၊ ရဝမ်၊ လီစူး၊ တိုက်နဲ့ ခမ္မတီးချင်းတိုင်းရင်း တွေဆီ သွားရောက်လည်ပတ်နိုင်ပါတယ်။ သဘာဝတရားကို ချစ်တတ်သူတွေအတွက်တော့ ကချင်ပြည်နယ်က သွား ရောက်လည်ပတ်ချင်ဖို့ ထိုက်တန်တဲ့ခရီးစဉ်တစ်ခုလို့ ညွှန်းဆိုနိုင်ပါတယ်။


ဗန်းမော်

ဗန်းမော်မြို့က မြစ်ကြီးနားလောက် မကြီးမားပေမယ့် တောင်ကုန်းတွေအကြား လှလှပပတည်ရှိပါတယ်။ မြေမျက်နှာ သွင်ပြင်က လျိုမြောင်တွေများပြားပြီး တောင်ကျချောင်းတွေ ဖြစ်နေပါတယ်။ ဧရာဝတီမြစ်က ဒီရေတက်နေချိန် မြို့အနိမ့် ပိုင်းက ရေမြှပ်တတ်ပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီးရေမြှပ်နေလေ့မရှိပါဘူး။ မြစ်ကြီးနား-ကသာ မီးရထားလမ်းရှိပါ ကြောင့် ပြည်သူတွေအနေနဲ့ မြစ်ကိုဖြတ်ပြီး ဗန်းမော်ကို သွားရောက်နိုင်ပါတယ်။ တိုင်းရင်းသားဝတ်စုံအစုံအလင်နဲ့ လီစူး၊ ရဝမ်၊ ကချင်နဲ့ ရှမ်း၊ ပလောင်တိုင်းရင်းသားတွေကို အထူးသဖြင့် ပွဲတော်ရက်တွေမှာ တွေ့မြင်နိုင်ပါတယ်။ တချို့ဈေး တွေက လမ်းမတွေပေါ်မှာပဲ ဖွင့်လှစ်ရောင်းချပြီး မနက်လေးနာရီကတည်းက ဖရောင်းတိုင်မီးလေးတွေထွန်းပြီး ရောင်းချ ကြတာဖြစ်ပါတယ်။ သစ်သီးဝလံ၊ပန်းနဲ့ ဟင်းသီးဟင်းရွက်တွေ ဝယ်ယူနိုင်ပါတယ်။


မြစ်ဆုံ

မြစ်ဆုံက မြစ်ကြီးနားမြို့ရဲ့မြောက်ဘက် ၄၅ကီလိုမီတာအကွာအဝေးမှာတည်ရှိပါတယ်။ အားကောင်းမောင်းသန်စီးဆင်း နေတဲ့ ဧရာဝတီမြစ်စတင်ဖြစ်ပေါ်စေတဲ့ မေခနဲ့ မလိခမြစ်တို့ဆုံတဲ့ နေရာပဲဖြစ်ပါတယ်။ ခရီးစဉ်က တချို့နေရာတွေမှာ ကြမ်းတမ်းပြီး တနာရီခွဲခန့် သွားရပါတယ်။ တက္ကစီနဲ့သွားမယ်ဆိုရင် ငါးသောင်းကျပ်ပေးရပြီး ဆိုင်ကယ်ကယ်ရီနဲ့သွား မယ်ဆိုရင် ပိုပြီး ကုန်ကျစရိတ်သက်သာပါတယ်။


အင်းတော်ကြီးကန်

ကချင်ပြည်နယ်ရဲ့နောက်ထပ် စိတ်ဝင်စားစရာတစ်ခုက မိုးညှင်းမြို့တော်မှာ တည်ရှိတဲ့ အင်းတော်ကြီးကန်ပါ။ မြန်မာ နိုင်ငံရဲ့  အကြီးဆုံး ကန်ဖြစ်ပြီး အင်းတော်ကြီးတောရိုင်းတိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးလည်း ရှိပါတယ်။ အင်းတော်ကြီး ကန်လယ်မှာ ရွှေမြင့်ဇ္ဇူဘုရားတည်ထားပါတယ်။ ဒီဘုရားက ကချင်ပြည်နယ်ရဲ့ထင်ရှားကျော်ကြားတဲ့ ဘုရားပါပဲ။ အင်တော်ကြီးရွှေမြင့်ဇ္ဇူဘုရားကို ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးကန်အနောက်ဘက်ကမ်း ကနေ ပေ ၁၅၀၀ အကွာအဝေးရှိ သဲသောင်ပေါ်မှာ တည်ထားတာဖြစ်ပါတယ်။ ၁၁ရာစုမှာ တောင်သုံးလုံးဆရာတော်က ဖာနန်းမွန်ဧရိယာမှာ သီလ၊သမာဓိ၊မေတ္တာ စသည်တို့ကို ကျောက်တုံးသုံးတုံးမှာ ဖော်ပြစေခဲ့တယ်။ တောင်သုံးလုံး ဆရာတော်ရဲ့မိန့်ကြားချက်အတိုင်း ဆရာတော်ဦးသောပိတက ၁၂၃၀ပြည့်နှစ်၊ နှစ်သစ်ကူးနေ့မှာ စေတီတော် ပန္ဒုက်ချ ခဲ့ပါတယ်။ ၁၈၆၉ခုနှစ်၊ ကဆုန်လမှာ ရန်ကုန်မြို့၊ရွှေတိဂုံစေတီတော်မှ ဓါတ်တော် ငါးဆူကို ရေလမ်းခရီးကနေ ရတနာရွှေကြုတ်တွေနဲ့ ပင့်ဆောင်ခဲ့ပြီး ဌာပနာခဲ့တယ်လို့ ဆိုပါတယ်။ ကဆုန်လပြည့်ကျော် ၆ရက်နေ့မှာ စေတီတော် တည်ထားကိုးကွယ်မှုပြီးစီးခဲ့ပါတယ်။ မူလဉာဏ်တော် ၁၅ပေရှိခဲ့ပြီး ထပ်မံမွမ်းမံပြင်ဆင်ခဲ့ကြတာကြောင့် ဉာဏ်တော် ၃၉ ပေနဲ့ ၁၀လက်မ လက်ရှိအချိန်မှာ ရှိပါတယ်။ အရန်စေတီတော်အနေနဲ့ ၁၅၂ဆူ ရှိပါတယ်။

တိုင်းရင်းသားလူမျိုးစုများနှင့် သဘာဝရှု့ခင်းများ

အံ့သြဖွယ်ရာသဘာဝရှုခင်းများ

မြန်မာနိုင်ငံမြောက်ဘက်စွန်းပိုင်းတွင်တည်ရှိနေသော ကချင်ပြည်နယ်တွင် ခရီးသွားဧည့်သည် များအတွက်  ပျော်ရွှင်စေနိုင်သောအံ့သြဖွယ်ရာသဘာဝရှုခင်းများရှိပါသည်။ ကချင်ပြည်နယ် သည် မြန်မာနိုင်ငံ၏ အရေးအပါဆုံးမြစ်ဖြစ်သောဧရာဝတီမြစ် စတင်စီးဆင်းရာနေရာလည်းဖြစ်ပါသည်။ ခရီးသွားများအနေဖြင့် မြစ်ကြီးနားမြို့မှ အနည်းငယ်ခရီးဆက်သွားလျှင် မေခမြစ် နှင့်မလိခမြစ်တို့ ပေါင်းဆုံ၍ ဧရာဝတီမြစ်အဖြစ်စီးဆင်းရာ “မြစ်ဆုံ”သို့လည်းသွားရောက် လည်ပတ်အပန်းဖြေနိုင်ပါသည်။ ကြည်လင်သောရေနှင့် အေးမြသောရာသီဥတုတို့မှာအလွန်ပင် နှစ်သက်မြတ်နိုးစရာကောင်းလှပါသည်။ ကျယ်ပြန့်လှသောဧရာဝတီမြစ်ကမ်းတစ်လျှောက် သည်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် အကောင်းဆုံးဖြစ်သောကြောင့် စိမ်းစိုလန်းဆန်းသောစိုက်ပျိုးမြေများအများဆုံးတွေ့မြင်ရသောနေရာလည်းဖြစ်ပါသည်။ ကချင် ပြည်နယ်သည် သဘာဝကိုမြတ်နိုးတန်ဖိုးထားသူများသွားရောက်လည်ပတ်လေ့ရှိပြီးရင်သပ် ရှုမောဖွယ်ကောင်းသောမြန်မာနိုင်ငံ၏ အကြီးဆုံးသဘာဝကန်ဖြစ်သည့် အင်းတော်ကြီးကန် တည်ရှိရာနေရာလည်းဖြစ်ပါသည်။စိတ်လှုပ်ရှားဖွယ်ရာအပျော်တမ်းငါးဖမ်းခြင်း ၊ ကယပ်လှေလှော်ခြင်း ၊ တောင်တက်ခြင်းနှင့် ဆိုင်ကယ်စီးခြင်းများလုပ်ဆောင်နိုင်သော်လည်းယခုအချိန်ထိပျက်စီးမှုနည်းပါးနေသေးသောခရီးစဉ်ဒေသတစ်ခုလည်းဖြစ်ပါသည်။

နှင်းများဖုံးလွှမ်းလျက်ရှိသည့်တောင်တန်းများ

ကချင်ပြည်နယ်သည် ဟိမဝန္တာတောင်တန်းများနှင့်များပြားလှသောမြစ်ချောင်း၊ အင်းအိုင်များအစပြုရာနှင်းတောင်တန်းများတည်ရှိသောမြန်မာနိုင်ငံ၏တစ်ခုတည်းသောပြည်နယ်ဖြစ်ပါသည်။အမြင့်ပေ ၅၈၈၂မီတာရှိမြန်မာနိုင်ငံ၏အမြင့်ဆုံးတောင်ဖြစ်သောခါကာဘိုရာဇီတောင်ကိုမြန်မာနိုင်ငံ၏မြောက်ဖက်အစွန်ဆုံးဖြစ်သောတောတောင်များထူထပ်ရာကချင်ပြည်နယ် တွင်တွေ့ရှိနိုင်ပါသည်။၎င်းကိုအရှေ့တောင်အာရှတွင်အမြင့်ဆုံးတောင်အဖြစ်သတ်မှတ်ထားပါသည်။ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်သည်အမြဲစိမ်းသစ်တောများ၊ ရွက်ပြတ်တောများ၊ ဆီးနှင်းတောများဝန်းရံထားသောဥယျာဉ်တစ်ခုဖြစ်ပါသည်။ တောတောင်ထူထပ်မှုကိုကြိုက်နှစ်သက် သူများအတွက် ကောင်းမွန်သောဒေသတစ်ခုဖြစ်ပါသည်။ မြစ်ကြီးနာမြို့သည် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်ပြီးစီးပွားရေးအချက်အချာကျသောမြို့ဖြစ်သည်။ ကချင်ဒေသ ၏ သဘာဝအလှ တရားကိုခံစားလိုသူများအတွက် မြစ်ကြီးနားမြိုတွင်အေးမြသောရာသီဥတုနှင့်သန့်ရှင်းသပ်ရပ်မှုများကို ခံစားနိုင်ပါသည်။

မြောက်ဘက်ရှိထင်ရှားသောမြို့မှာ ပူတာအိုမြို့  ဖြစ်၍ ငှက်မျိုးစုံနှင့် ရှားပါသစ်ခွ များဖြင့်ထင်ရှားသည်။ ပူတာအိုမြို့၏အရှေ့ဘက်နှင့် အနောက်ဘက်ရှိတောများတွင်အနက်ရောင်သစ်ခွများ ကိုတွေ့ရှိနိုင်သည်။တောတောင်မြစ်ချောင်းများနှင့်ဟိမဝန္တာတောင်တန်းတို့၏ အလှကိုပူတာအိုမြို့ တွင်တွေ့ရှိနိုင်သည်။

စိတ်ဝင်စားဖွယ်ရာမြို့များ

ကချင်ပြည်နယ်တွင် ကိုယ်ပိုင်ထူးခြားချက်များရှိသည့် မြို့များရှိပါသည်။ မြစ်ကြီးနားမြို့သည် ကချင်ပြည်နယ်၏ စီးပွားရေးအရ အချက်အခြာကျသောမြို့ဖြစ်ပါသည်။ အေးမြပြီးသန့်ရှင်းသောမြို့ဖြစ်ပြီး လှပသောသဘာဝရှုခင်းများကို ခံစားနိုင်ပါသည်။ ကချင်ပြည်နယ်၏မြောက်ဘက်တွင်ရှိသော ပူတာအိုမြို့သည် ငှက်များနှင့်ရှားပါးသစ်ခွမျိုးစိပ်များလေ့လာနိုင်သောမြို့တစ်မြို့ဖြစ်ပါသည်။ ပူတာအိုမြို့ ၏ အရှေ့ဘက်နှင့်အနောက်ဘက်တွင်ရှိသော သစ်တောများသည် ထူးဆန်းသော အနက်ရောင်သစ်ခွများနှင့် ပြည့်နှက်နေပြီး ဟိမဝန္တာတောင်တန်း၏အလှအပများ ရေမြေတောတောင်သဘာဝရှုခင်းများနှင့် မြစ်များ၏အလှအပများကို လေ့လာနိုင်ပါသည်။

မြစ်ကြီးနားမြို့

မြစ်ကြီးနားသည် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး ၎င်း၏ အနီးပတ်ဝန်းကျင်ရှိ ဒေသများ၊ ရှုချင်စဖွယ် မြစ်ကမ်းခြေနှင့် မတူညီသော လူမျိုးစုများ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုများကြောင့် လူသိများသောမြို့တစ်မြို့ဖြစ်သည်။ မြစ်ကြီးနားမှ ကားဖြင့် တစ်ခဏမျှ မောင်းသွားလျှင် အလွန်သာယာလှပသော မြစ်ဆုံက ဆီးကြိုနေပေမည်။ မြစ်ကြီးနားမြို့တွင် နှစ်လိုဖွယ်မြစ်ကမ်းပါးတစ်လျှောက်နှင့်အတူအမြဲတမ်းပုံမှန်လှုပ်ရှားသက်ဝင်နေသော ချစ်စဖွယ်ဒေသခံများ၏ နေ့စဉ်ရောင်းဝယ်ဖောက်ကားနေသည့် “စျေး”ကိုလည်း တွေ့မြင်နိုင်ပါသည်။ ထို့အပြင် အလွန်ကြီးမားသော လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မှာလည်း မြစ်ကမ်းပါး၏ အလှကို ထပ်မံတန်ဆာဆင်ပေးထားပါသည်။

မြစ်ဆုံ

မြစ်ဆုံသည် မြစ်ကြီးနား၏ မြောက်ဘက် ၄၅ကီလိုမီတာခန့်အကွာခရီးတွင် ဧရာဝတီမြစ်မှ စီးဆင်းလာသော မေခမြစ်နှင့် မလိခမြစ်တို့ပေါင်းဆုံရာနေရာဖြစ်သည်။ မြစ်ကြီးနားမှ တစ်နာရီနှင့် မိနစ်သုံးဆယ်ခရီးတစ်လျှောက်လုံးတွင် မြန်မာနိုင်ငံ၏ ရင်သပ်ရှုမောဖွယ် သဘာဝရှုမြင်ကွင်းများကို တွေ့မြင့်ရမည်ဖြစ်ပေသည်။

အင်းတော်ကြီး

အင်းတော်ကြီး  သည် ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင်ရှိသော အရှေ့တောင်အာရှရှိ အကြီးဆုံးကုန်းတွင်း ရေအိုင်ကြီးတစ်ခုဖြစ်သည်။ ၎င်းအိုင်ကြီးသည် အရှေ့မှ အနောက်သို့ ၁၃ ကီလိုမီတာ၊ မြောက်မှတောင်သို့ ၂၄ကီလိုမီတာ ကျယ်ဝန်းပြီး များပြားသော်မျိုးစိတ်များ အထူးသဖြင့် အချို့သောရှားပါးနို့တိုက်သတ္တဝါများနှင့် ငှက်များခိုလှုံရာ ဘေးမဲ့တောတစ်ခုလည်းဖြစ်ပေသည်။

ပူတာအို

ပူတာအိုမြို့ သည် နှင်းများဖုံးလွှမ်းနေသောတောင်တန်းများရှိသည့်မြို့ဖြစ်ပါသည်။နှင်းတောင်များ၏ အလှတရားကိုခံစားချင်သောလည်ပတ် သွားရောက်လိုသောခရီးသည်များသည် ပူတာအိုမြို့ကိုလည် ပတ်သင့်သည်။ ထိုမြို့သည် သဘာဝအလှတရားများနှင့်ပြည့်နှက်နေသောမြို့ဖြစ်ပြီး ဟိမဝန္တာ တောင်တန်းကြီး၏မြောက်ဘက်ခြမ်းတွင်တည်ရှိသည်။ပူတာအိုမြို့၏ ရာသီဥတုမှာတစ်နှစ်ပတ်လုံး အေးချမ်းနေပြီးထိုမြို့တွင် တိုင်းရင်းသားလူမျိုးအများအပြားနေထိုင်ကြသည်။ ပူတာအိုမြို့တွင် နေထိုင်သောတိုင်းရင်းသားလူမျိုးများသည် ကမ္ဘာလှည့်ခရီးသည်များ၊ ခရီးသွားပြည်သူများအားဧည့်ဝတ် ပျူငှာစွာ နွေးနွေးထွေးထွေးဆက်ဆံကြသူများဖြစ်ကြသည်။ရှားပါးသစ်ပင်ပန်းမန် မျိုးစိတ်များကိုကြည့်ရှုလိုသောခရီးသည်များသည် ပူတာအိုမြို့သို့လာရောက်လည်ပတ်သင့်သည်။

ရွှေမြဥ္ဇူဘုရား

ရွှေမြဥ္ဇူဘုရားသည် ကြည်ညိုဖွယ်ကောင်းသောဘုရားတစ်ဆူဖြစ်ပြီးအင်းတော်ကြီးကန်၏အနောက်ဘက်ခြမ်းတွင်တည်ရှိသည်။ ရွှေမြဥ္ဇူဘုရားတွင် လှေကားထစ်များရှိရာထိုလှေကားထစ် များသည် ကျောက်တုံးများဖြင့်ပြုလုပ်ထားသောရုပ်ပွားတော်များဖြင့်ဆင်မြန်းထားသည်။

လူမျိုးများ

ကချင်ပြည်နယ်၏ တောင်ကုန်းများတွင် ကချင်လူမျိုးများ၊ ဂျိန်းဖောလူမျိုးနှင့် လူမျိုးစုများစွာစည်းစည်းလုံးလုံးနေထိုင်ကြသည်။ ကချင်လူမျိုးအများစုသည် တရုတ်နှင့်အိန္ဒိယနိုင်ငံများတွင်နေထိုင်ကြသည်။ ၎င်းတို့သည်ဂျိန်းဖောဘာသာစကားကိုအဓိကပြောဆိုကြပြီးတောင်ကုန်းပေါ်တွင် ထွန်ယက်စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်သူများဖြစ်ကြ ပါသည်။

ပွဲတော်များ

မနောပွဲတော်

ကချင်မနောပွဲတော်ကိုနှစ်စဉ်ဇန်နဝါရီလ၏ပထမအပတ်တွင်ကျင်းပ၍ကမ္ဘာအနှံ့အပြားမှလာရောက် ကြသောခရီးသွားများအားဆွဲဆောင်လျှက်ရှိသည်။ မနောအကအားမနောပွဲတော်တွင်ကပြ ဖျော်ဖြေကြသည်။ မနောအကသည်ရှေးရိုးရာနတ်ပူဇော်ပသမှုကိုအခြေခံ၍ ဆင်းသက်လာသောအကဖြစ်သည်။

အင်းတော်ကြီးရွှေမြဉ္ဇူဘုရားပွဲတော်

ရွှေမြဉ္ဇူဘုရားပွဲတော်မှာနှစ်စဉ်မတ်လတွင် ရှစ်ရက်တိုင်တိုင် အင်းတော်ကြီးကန်တွင် ကျင်းပပြုလုပ် လေ့ရှိသည်။ပွဲတော်မတိုင်မီတွင်ကန်၏ဘေးတစ်လျှောက်တွင်သဲသောင်ပြင်အခွဲများပေါ်ထွန်းလာပြီး လမ်းများသဖွယ်ဘုရားဖူးများအားဘုရားသို့အလွယ်တကူရောက်ရှိဖူးမျှော်စေနိုင်သည်။ သဲလမ်းများအနက်တစ်လမ်းမှာလူများသွားရောက်ဖူးမြှော်ရန်ဖြစ်ပြီးကျန်တစ်လမ်းမှာနတ်များဖူးမြှော်ရန် အတွက် ဖြစ်သည်ဟုဒေသခံများကယုံကြည်ကြသည်။

သီတင်းကျွတ်မီးထွန်းပွဲတော်

မီးထွန်းပွဲတော်အားသီတင်းကျွတ်လပြည့်နေ့မှစ၍ သုံးရက်တိုင်အောင် မြန်မာနိုင်ငံအနှံ့အပြားတွင် ကျင်းပကြသည်။ တာဝတိံသာနတ်ပြည်၌ မြတ်စွာဘုရားသည် မယ်တော်အမိနတ်သားအားဝါတွင်းကာလသုံးလပတ်လုံးတရားဟောပြောကာသီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်သို့ပြန်လည်ဆင်းသက်လာခြင်းကိုအောက်မေ့၍ ဆီမီးဆပ်ကပ်လှူဒါန်းခြင်းဖြစ်သည်။ ထိုပွဲတော်တွင် လူတိုင်းသည် မိမိတို့၏ နေအိမ်များ၌ ဆီမီးများ၊ ဖယောင်းတိုင်များ၊ ရောင်စုံမီးပုံးများချိတ်ဆွဲခြင်းဖြင့်အလှဆင်ကြသည်။ သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပသည့်အချိန်ကာလကိုဝါကျွတ်ကာလဟုလည်းသတ်မှတ်ကြသည်။