နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

ကော့သောင်းမြို့

ကော့သောင်းမြို့သည် မြန်မာနိုင်ငံ၏ တောင်ဘက်အကျဆုံးမြို့ဖြစ်ပါသည်။ ဆိပ်ကမ်းမြို့ များအနက် တစ်မြို့ဖြစ်ပြီး ကြီးမားကျယ်ဝန်းသည့် ပတ်ချန်မြစ်သည် ထိုင်း-မြန်မာနယ်စပ်ကို ကွဲပြားဖြစ်ပေါ်စေပါသည်။ ကော့သောင်းမြို့သည် ၂၈၀၀၀ ကီလိုမီတာ ကျယ်ဝန်းသော ကမ်းရိုးတန်း မြို့တစ်မြို့ဖြစ်ပြီး မြစ်ဝများ၊ မြစ်များ၊ ချောင်းတက် ချောင်းစွယ်များ၊ ကျွန်းများဖြင့်ဖွဲ့စည်းထားသော မြို့ဖြစ်ပါသည်။ ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်သည့် ရနောင်းမြို့သည့် မနီးမဝေးတွင် တည်ရှိပြီး ဖူးခက်မြို့မြောက်ဘက် ၃၂၂ ကီလိုမီတာသာ ကွာဝေးပါသည်။ ကော့သောင်းမြို့သည် စည်ကား သိုက်မြိုက်လှသော “တံငါရွာ”၏ ပြယုဂ်တစ်ခုအဖြစ်လည်း ရပ်တည်နေပါသေးသည်။ ကော့သောင်း မြို့သည် မြိတ်ကျွန်းစုထိန်းသိမ်းစောင့်ရှောက်ရေး (Mergui National Reserve) ဧရိယာအဖြစ် တည်ရှိပြီး ရေငုပ်ခြင်း၊ ပင်လယ်ရေအောက် အလှအပကြည့်ရှုခြင်း စသည်တို့ကိုပြုလုပ်နိုင်ပါသည်။ ဆိပ်ကမ်းအနောက်ဘက် ၁၀၀ ကီလိုမီတာ အကွာတွင် ဆိပ်ကမ်း၏ ကြက်ပျံမကျ စည်ကားမှုမှ တသီးတသန့်တည်ရှိနေသော ကော့သောင်းမြို့၏ လမ်းသွယ်လေးများကို မြင်တွေ့နိုင်ပါသည်။ ကမ္ဘာလှည့်ခရီးသည်များသည် ငါးသုံးလုံးတောင်(၅၅၅) ပေါ်မှနေ၍ ကော့သောင်းမြို့၏ ၃၆၀ ဒီဂရီ မြင်ကွင်းကို မြင်တွေ့နိုင်ပါသည်။

သဘာဝရေတံခွန်များနှင့်ရေပူစမ်းများ

ကော့သောင်းမြို့သို့ အားလပ်ရက်တစ်ခုခု၌ ခရီးထွက်ခဲ့မည်ဆိုလျှင် မြို့၏ ၄၀ ကီလိုမီတာ မျှသာဝေးသော မလိဝမ်ရေတံခွန်နှင့် ရေပူစမ်းသို့ မရောက်ဖြစ်ခဲ့ဖူးဆိုလျှင် သင့်အတွက် ကော့သောင်းသို့ မရောက်ခဲ့ရသလို ခံစားရစေလိမ့်မည်။ အဆိုပါနေရာသို့ နှစ်နာရီသာသာ သွားလျှင် ရောက်နိုင်ပါသည်။ ရေတံခွန် မှ ၃ ကီလိုမီတာ ခန့်လောက်တွင် ရေပူစမ်းကန်ရှိပေသည်။ ထိုရေပူစမ်း ကန်ထဲသို့ ရေတံခွန်မှ ရေတို့သည် စီးဝင်ကြသည်။ ရေပူစမ်းကန်ထဲတွင် ရေစိမ်သူတို့အတွက် အဆင်ပြေပြေ စိမ်နိုင်၊ချိုးနိုင်ဖို့အတွက် ရေချိုးဆိပ်လေးများကို စုံစုံလင်လင် ပြုလုပ်ပေးထားပါသည်။ ပတ်ဝန်းကျင်ဒေသ၏ အလှတို့သည်လည်း အရောင်အသွေးစုံလင်စွာဖြင့် နှစ်လိုဖွယ်ဖြစ်စေရန် ပါဝင် အားဖြည့်ထားပေးပါသည်။ ထို့ကြောင့် ကော့သောင်းသို့ရောက်လျှင် ဤနေရာသို့ သေချာပေါက် သွား ပါလို့ တိုက်တွန်းလိုက်ပါရစေ။


သပ္ပာယ်ကြည်ညိုဖွယ် ဘုရားစေတီများ

ကော့သောင်းမြို့သည် ကျက်သရေမျိုးစုံဖြင့် စွဲမက်ဖွယ်ကောင်းအောင် ဆွဲဆောင်ထားသော ဘုရားစေတီများစွာ တည်ထားကိုးကွယ်ထားသော နေရာဒေသတစ်ခုလည်းဖြစ်ပေသည်။ ထင်ရှား ကျော်ကြားသော ဘုရားစေတီများစွာထဲမှ အချို့စေတီများမှာ – ပြည်တော်အေးဘုရား၊ အာနန္ဒာ ဘုရားနှင့် အောင်တော်မူဘုရား စသည်တို့ဖြစ်ပေသည်။ ထင်ရှားကျော်ကြားသော ဘုရားစေတီ များစွာထဲမှ အချို့စေတီများမှာ လွန်ခဲ့သော ရာစုနှစ်တစ်စုလောက်ကတည်းက တည်ခဲ့သော စေတီပုထိုးများပင် ဖြစ်ပေသည်။ ပုဂံမြို့တွင် တည်ထားသော အာနန္ဒာဂူဘုရားအတိုင်း တစ်ပုံစံ တည်းနီးပါး ပုံစံတူတည်ထားကိုးကွယ်ထားသော ဘုရားစေတီတစ်ဆူမှာ ကော့သောင်းမြို့ရှိ ရွှေပြည်သာဘုရား ဖြစ်ပေသည်။ ရွှေပြည်သာဘုရားတွင် မြန့်မာ့ယဉ်ကျေးမှုအနုပညာ လက်ရာများ ကို ဖြတ်ခနဲ မျက်ဝါးထင်ထင်မြင်တွေ့စေနိုင်သော ပြတိုက်တစ်ခုလည်းရှိပေသည်။ အဆိုပါနေရာများ အားလုံးသည် ခရီသွားများ အမြဲတမ်းလိုလိုလာရောက်လည်ပတ်သော နေရာဒေသများ ဖြစ်ပေသည်။

လှပသေသပ်၍ နှစ်လိုဖွယ်ကောင်းသာ နေရာဒေသများ

ကော့သောင်းမြို့သည် ကျက်သရေအပေါင်းဖြင့် ပြည့်စုံသော ဘုရားစေတီများ၊ ရေပူစမ်းများ နှင့် ရေတံခွန်များအပြင် ခရီသွားများကို ဆွဲဆောင်နိုင်သော နေရာဒေသများ ကျန်နေပေသေးသည်။ မြန်မာနိုင်ငံ၏တောင်ဘက်စွန်းတွင်ရှိသော ယခင်က ဗစ်တိုးရီးယားပွိုင့်ဟု နာမည်ကြီးခဲ့သော ယခု အခါ ဘုရင့်နောင်အငူဟု ပြောင်းလဲခေါ်ဝေါ်နေသော နေရာဒေသသို့လည်း သွားရောက်လည်ပတ်နိုင် ပါသေးသည်။ မြို့တစ်မြို့လုံးနီးပါး မြင်နိုင်သော လှပ၍ အရောင်အသွေးစုံလင်စွာ စွဲမက်ဖွယ် ကောင်းသော မြင်ကွင်းကျယ်အလှကို ကြည့်ရှုခံစားချင်သူများအတွက် ငါးသုံးလုံး တောင်ကုန်းပေါ် တွင် အလှတရားကို ခံစားနိုင်ပါသည်။ အခြားထင်ရှားသော နေရာဒေသများမှာ အောက်ပါအတိုင်း ဖြစ်ပေသည်။ ပလုံးတုံတုံတံတား၊ မြို့မဈေး၊ မရေတွက်နိုင်လောက်အောင် များပြားသော ဆလုံ လူမျိုးတို့နေထိုင်ရာ ကျေးရွာများပင် ဖြစ်ပေသည်။ ကော့သောင်းမြို့သည် ခရီးသွားလူထုကို အရသာ ရှိသော ဒေသထွက်အစားအစာများမှ အစ ဒေသခံပြည်သူတို့၏ ဖော်ရွှေမှုတို့အဆုံး အစစအရာရာ ဆွဲဆောင်ထားနိုင်သော နေရာဒေသ တစ်ခုပင်ဖြစ်ပါသည်။

အထင်ကရနေရာများ

ဘုရင့်နောင်အငူ (ဝိတိုရိယပွိုင့်)

ဘုရင့်နောင်အငူ (ဝိတိုရိယပွိုင့်)သည် မြန်မာ့တောင်ဘက်အကျဆုံးနေရာတွင် တည်ရှိပါသည်။ ကိုလိုနီခေတ်တွင် ဝိတိုရိယဘုရင်မအား အစွဲပြု၍ ဝိတိုရိယပွိုင့်ဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။ ဘုရင့်နောင်အငူမှ မြင်ကွင်းကျယ်ရှုခင်းကို ကြည့်ရှုနိုင်ပြီး ကော့သောင်းမြို့မှ (၇)မိနစ်ခန့် လမ်းလျှောက် သွားလျှင် ရောက်ရှိနိုင်ပါသည်။

ငါးသုံးလုံးတောင်

ငါးသုံးလုံးတောင်သည် ကော့သောင်းမြို့လယ်တွင် တည်ရှိပြီး ၁၈၅ မီတာမြင့်၍ ပင်လယ်ရေ မျက်နှာပြင်အထက် ၁၆၉ မီတာတွင် တည်ရှိပါသည်။ တောင်ထိပ်မှနေ၍ ကော့သောင်းမြို့၏ ၃၆၀ ဒီဂရီမြင်ကွင်းကို မြင်တွေ့နိုင်ပါသည်။

ရွှေပြည်သာဘုရားနှင့် ပြတိုက်

ရွှေပြည်သာဘုရားနှင့် ပြတိုက်သည် ကော့သောင်းမြို့မှ ၁၀ ကီလိုမီတာကွာဝေးပြီး ပုဂံရှိ အာနန္ဒာဘုရားပုံစံတူ တည်ထားခြင်းဖြစ်ပါသည်။ ပုတီးစေ့များ၊ ဝေလငါးအရိုး၊ ပင်လယ်လိပ်ခွံနှင့် အခြားသော ပင်လယ်ထွက်ပစ္စည်းများကို လေ့လာနိုင်ပါသည်။

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin
မန္တလေးမြို့

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin