“ချီလီနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခြင်းမှတစ်ဆင့် ဒီမိုကရေစီနိုင်ငံသို့ အကူးအပြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အခန်းကဏ္” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊၂၀၁၉ခုနှစ်၊အောက်တိုဘာလ၂၄ရက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနလုပ်ငန်းများ ဆောင်ရွက် ရာတွင် အတွေ့အကြုံနှင့် အသိပညာများ တိုးပွားလာစေရန်၊ ချီလီနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းခြင်း နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် သက်ဆိုင်သော အသိအမြင် ဗဟုသုတများ ရရှိလာ စေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အတွေးအခေါ်များ မြင့်မားလာစေရန် ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် International Institute For Democracy and Electoral Assistance (IDEA) တို့ပူးပေါင်း၍ “ချီလီနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခြင်းမှတစ်ဆင့် ဒီမိုကရေစီနိုင်ငံသို့ အကူးအပြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အခန်းက” ခေါင်းစဉ်ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉:၀၀ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် International IDEA မှ Programme Manager Ms. Kimana Zulueta Fuelscher က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ် အတိုင်း ကျင်းပပြုလုပ်ခဲ့ရာ ချီလီနိုင်ငံ Universidad Diego Portales တက္ကသိုလ်မှ ပါမောက္ခ Javier Cousom က “ချီလီနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခြင်း မှတစ်ဆင့် ဒီမိုကရေစီနိုင်ငံသို့ အကူးအပြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အခန်း ကဏ္ဍ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဉီးမျိုးညွန့် က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို မွန်းလွဲ ၅း၀၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကနှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ခုံရုံးသုတေသနအဖွဲ့မှ အရာထမ်းများ၊ IDEA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။