နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

ကိုရီးယားသမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်သော (၂) ကြိမ်မြောက် သုတေသနညီလာခံသို့ Video Conferencing စနစ်ဖြင့် တက်ရောက်ခြင်း

နေပြည်တော်၊ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၃

  ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ “Freedom of Experssion Experience of AACC Member” (AACC အဖွဲ့ဝင် နိုင်ငံများ၏ အတွေ့အကြုံများ) ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သော (၂) ကြိမ်မြောက် သုတေသန ညီလာခံသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ Video Conferencing စနစ်ဖြင့် ပါဝင် တက်ရောက်ခဲ့သည်။

  ဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ တရားစီရင်ရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး၊ ဒေါက်တာကြည်ကြည်ခင်နှင့် လုပ်ထုံးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာချိုမာဌေး တို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၁၈)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

  ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့က ဒုတိယညွှန်ကြားရေးမှူး ၊ ဒေါက်တာ ကြည်ကြည်ခင်က “Legal Provisions of the Freedom of Expression on the Internet in Myanmar” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာ ချိုမာဌေးက “The Scope of Freedom of Expression: The Context of Myanmar” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး စာတမ်းဖတ်ကြား ဆွေးနွေးခဲ့ကြသည်။

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin
မန္တလေးမြို့

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin