လူ့အခွင့်အရေးဆိုင်ရာ အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်
နေပြည်တော်၊၂၀၁၇ခုနှစ်၊ဇွန်လ ၂၈ရက်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို (၂၈.၆.၂၀၁၇) ရက်နေ့ မွန်းလွဲ ၁၃:၃၀ တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ရုံးခန်းအမှတ်(၂)တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးခင်မောင်ချိုက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဦးစစ်မြိုင်နှင့် အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်တို့က လူ့အခွင့်အရေးဆိုင်ရာများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ရှင်းလင်း ဟောပြောခဲ့ရာ အခမ်းအနားတက်ရောက် လာကြသူများက သိလိုသည်များကို မေးမြန်း ဆွေးနွေးဖြေကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ ဖြစ်ကြသော ဦးမြင့်ဝင်း၊ ဦးခင်မောင်ချို၊ ဦးတွာလ်ကျင်ပေါင်၊ ရုံးအဖွဲ့မှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် ခဲ့ကြသည်။