နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ်များထွန်းကားရာမြို့ဖြစ်ပါသည်။ မြို့၏နာမည်အား မန္တလေးတောင်ကိုအစွဲပြု၍ပေး ထားခြင်းဖြစ်ပြီးယခင်မင်းနေပြည်တော်ဖြစ်ပါသည်။ မန္တလေးမြို့ကို မင်းတုန်းမင်းတရားကြီးက ၁၈၅၇ခုနှစ်တွင် မန္တလေးတောင်ခြေအနီး၌တည်ထားခဲ့ပါသည်။ သာသနာသက္ကရာဇ်နှင့် ၂၄၀၀ တွင် ဗုဒ္ဓဘာသာကိုးကွယ်သည့် မင်းနေပြည်တော်ကြီး ပေါ်ထွက်လာမည်ဟူသော နမိတ်အရ အဆိုပါ နှစ်တွင် မြို့တည်ထောင်ခဲ့ပါသည်။မန္တလေးမြို့အနေဖြင့် အင်္ဂလိပ်တို့စတင်အုပ်ချုပ်သည့် ၁၈၈၅ခု မတိုင်ခင်အထိမြို့တော်အဖြစ် တည်ရှိခဲ့ပါသည်။ မန္တလေးမြို့သည် ယဉ်ကျေးမှုလက်ရာစုံလင်စွာဖြင့် ပြုလုပ်ထားသည့်နန်းတော်နှင့် ဧရာဝတီမြစ်မှနေ၍ နေဝင်ဆည်းဆာအလှများကို ခံစားနိုင်ရန်အတွက် ရက်အတော်ကြာအချိန်ယူ လေ့လာရမည်ဖြစ်ပါသည်။ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုဓ လေ့ စရိုက် များကိုလည်း လေ့လာနိုင်သည့်မြို့ဖြစ်ပါသည်။

အခြေခံအချက်အလက်များ

ဗမာ၊ ကရင်၊ ကယား၊ ချင်း၊ ပအို့ဝ်၊ မွန်၊ နှင့် ရှမ်းအနွယ်ဝင်လူမျိုးများနေထိုင်ကြပြီး ဗမာ၊ ရှမ်း၊ တရုတ်နှင့် အင်္ဂလိပ်ဘာသာစကားများ ပြောဆိုလေ့ရှိကာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ နှင့် ဟိန္ဒူဘာသာတို့အား ကိုးကွယ်ကြသည်။

မြေမျက်နှာသွင်ပြင်

မိုးသည်းထန်စွာရွာသွန်းခြင်းမရှိဘဲ အပူပိုင်းဒေသကဲ့သို့ သင့်တင့်သော ရာသီဥတုရှိပါသည်။ ဧရိယာအကျယ် အဝန်းမှာ ၃၇၀၂၄ စတုရန်း ကီလိုမီတာ/ ၁၄၂၉၅မိုင် ရှိပြီး မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပါသည်။

ထူးခြားမှုများ

မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက် တည်ရှိခဲ့ရာမြို့ဖြစ်သော မန္တလေးမြို့တော်ကြီးသည် ယဉ်ကျေးမှုမြို့တော် အဖြစ်သတ်မှတ်ခြင်းခံရသော မြို့တော်ဖြစ်သည်။ ၂၀၁၄ခုနှစ်တွင် ကောက်ခံသော အချက်အလက်များအရ မန္တလေးမြို့တွင် လူဦးရေ ၆.၁ သန်း နေထိုင်လျက်ရှိသည်။

သဘာဝအလှတရားများနှင့် ယဉ်ကျေးမှုအမွေအနှစ်များ

ရာဇဝင်သမိုင်းကြောင်းမ်ားကိုလေ့လာခြင်း

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့် မြို့ဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ်များထွန်းကားရာမြို့ ဖြစ်ပါသည်။ မြို့၏နာမည်အား မန္တလေးတောင်ကိုအစွဲပြု၍ပေး ထားခြင်းဖြစ်ပြီး ယခင်မင်းနေပြည်တော်ဖြစ်ပါသည်။ မန္တလေး မြို့ကို မင်းတုန်းမင်းတရားကြီးက ၁၈၅၇ခုနှစ်တွင် မန္တလေး တောင်ခြေ အနီး၌တည်ထားခဲ့ပါသည်။ သာသနာ သက္ကရာဇ် ၂၄၀၀ တွင် ဗုဒ္ဓဘာသာကိုးကွယ်သည့် မင်းနေပြည်တော်ကြီး ပေါ်ထွက်လာမည်ဟူသော နမိတ်အရ အဆိုပါ နှစ်တွင် မြို့တည်ထောင်ခဲ့ပါသည်။ မန္တလေးမြို့အနေဖြင့် အင်္ဂလိပ်တို့ စတင်အုပ်ချုပ်သည့် ၁၈၈၅ခု မတိုင်ခင်အထိမြို့တော်အဖြစ် တည်ရှိခဲ့ပါသည်။ မန္တလေးမြို့သည် ယဉ်ကျေးမှုလက်ရာ စုံလင်စွာဖြင့် ပြုလုပ်ထားသည့်နန်းတော်နှင့် ဧရာဝတီမြစ်မှ နေ၍ နေဝင်ဆည်းဆာအလှများကို ခံစားနိုင်ရန်အတွက် ရက်အတော်ကြာအချိန်ယူ လေ့လာရမည်ဖြစ်ပါသည်။ မြန်မာ လူမျိုးတို့၏ ယဉ်ကျေးမှုဓ လေ့ စရိုက် များကိုလည်း လေ့လာနိုင်သည့်မြို့ဖြစ်ပါသည်။

ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝခြင်း

မြန်မာနိုင်ငံကို ယဉ်ကျေးမှုများပေါင်းစုံတည်ရှိရာနိုင်ငံအဖြစ် ထိုက်တန်စွာ နာမည်ပေးအပ်ကြပါသည်။ ၎င်းအပြင် များပြား လှစွာသော ယဉ်ကျေးမှုအထိမ်းအမှတ် အဆောက်အအုံများ သမိုင်းဝင် အဆောက် အဦးများလည်း ပိုင်ဆိုင်ထားရှိပါသည်။ ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် မဟာမြတ်မုနိ ဘုရား အနီးရှိ ကျောက်ဆစ်တန်းသို့ သွားရောက်၍လည်းလေ့လာနိုင်ပါသည်။ မန္တလေးသည် သစ်သား ပန်းပုလက်ရာများ နာမည်ကျော်သဖြင့် ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် သစ်သားပန်းပုထုလုပ်သည့် အလုပ်ရုံများအပြင် ကြေးသွန်းခြင်း အိုးလုပ်ငန်းများလုပ်သည့် ကျေးရွာများနှင့် ပိုးထည်ရက်လုပ်သည့် လုပ်ငန်းများကိုလည်း သွားရောက်လေ့လာနိုင်ပါသည်။ ကမ္ဘာလှည့်ခရီးသည်များ အတွက် အမှတ်တရပစ္စည်းများ မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ ကို အလွယ်တကူဝယ်ယူနိုင်ပြီး မန္တလေးဈေးချိုသည် အချက် အချာနေရာ၌တည်ရှိပြီး ကုန်စုံဆိုင်များ စားသောက်ကုန်များမှ သည် လက်ဝက်ရတနာရွှေဆိုင်များအထိ စုံလင်စွာဝယ်ယူ ရရှိနိုင်ပါသည်။ မန္တလေးမြို့၌ (၁၈) ကျင်းဝင်ဂေါက်ကွင်း နှစ်ခု ရှိပြီး မန္တလေးမြို့အပြင်ဘက် (၁၂) မိုင်အကွာ၌ တည်ရှိပါသည်။ မန္တလေးမြို့ အား လည်ပတ်ရာတွင် နာမည်ကျော်ဒေသထွက် အစား အသောက်များကို မြည်းစမ်းခြင်းမရှိပါက လည်ပတ်မှုမှာ မပြည့်စုံဟု ဆိုရလောက်အောင်စားချင်စဖွယ် အစားအသောက် မျိုးစုံကိုလည်း ရရှိနိုင်ပါသည်။

အနီးတစ်ဝိုက်လေ့လာလည်ပတ်စရာနေရာများ

ဧရာဝတီမြစ်သည် နိုင်ငံ၏အဓိကကျသောမြစ်တစ်စင်းဖြစ်သကဲ့သို့ စီးဆင်းရာတစ်လျှောက်ရှိ မြို့ကြီးမြို့ငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုစွမ်းဆောင်ပေးနေသော မြစ်ဖြစ်ပါသည်။ မန္တလေးမြို့ အနေဖြင့် လူဦးရေထူထပ်စွာ နေထိုင်သည့်မြို့များအနက် တစ်မြို့ဖြစ်ပြီး မန္တလေးမြို့နှင့် ကီလို မီတာ အနည်းငယ်ကွာဝေးသောနေရာ၌ မြို့ငယ်များစွာရှိပြီး ကမ္ဘာလှည့်ခရီးသွားများကို လေ့လာချင်စဖွယ် ဆွဲဆောင်လျက်ရှိပါသည်။ ထင်ရှားသောနေရာ တစ်ခုကတော့မန္တလေးမြို့မှ(၁၀)ကီလိုမီတာ အကွာ၌ ရှိသည့် မင်းကွန်းဖြစ်ပါသည်။ ၎င်းကိုသွားရောက်လည်ပတ်မည် ဆိုပါကနေ့ဝက်ခန့် အချိန်ပေးရ မည်ဖြစ်ပါသည်။မင်းကွန်၌ထုထည်ကြီးမားပြီးအပြီးသတ်မတည်ဆောက်နိုင်ခဲ့သော မင်းကွန်းပုထိုး တော်ကြီး၊ မင်းကွန်းခေါင်းလောင်းနှင့် ဆင်ဖြူမယ်ဘုရားတို့ ရှိပါသည်။ အခြားထင်ရှားသော သမိုင်းနောက်ကြောင်းများ ခိုင်မာစွာရှိပြီး ကမ္ဘာလှည့်ခရီးသည်များ လေ့လာလည်ပတ်နိုင်သော နေရာတစ်ခုမှာ အင်းဝမြို့ဟောင်းဖြစ်ပါသည်။ မန္တလေးမြို့နှင့် (၂) ကီလိုမီတာကွာဝေးပြီး ၁၄ ရာစုမှ ၁၉ ရာစုထိ မင်းများနေထိုင်ခဲ့သော မြို့တော်တစ်ခုလည်း ဖြစ်ပါသည်။ အင်းဝ၌ မဟာအောင်မြေ ဘုံစံဘုန်းကြီး ကျောင်း နှင့် ဗားဂရားကျောင်းတို့သည် ထင်ရှားပြီး မီတာ (၁၂၀၀) ခန့်ရှည်လျားသော အင်းဝနှင့် စစ်ကိုင်းကိုဆက်သွယ်ပေးသည့် တံတားတစ်စင်းလည်းရှိပါသည်။ အိုးလုပ်ငန်းလုပ်ကိုင် သည့်နာမည်ကျော် ရန္တပိုရွာနှင့် နွယ်ငြိမ်းကျေးရွာများရှိပြီး ကမ္ဘာလှည့်ခရီးသည်များ လေ့လာနိုင်ပါသည်။

မန္တလေးမြို့

မန္တလေးမြို့ သည် ပြတိုက်နှင့် တော်ဝင်နန်းတော်တည်ရှိရာ ရှေးဟောင်းတော်ဝင်မြို့တော်တစ်မြို့ဖြစ်သည်။ ၎င်းနန်းတော်၏ ဝင်ပေါက်တစ်ခုစီတွင် (၁၂)ရာသီခွင်ပါရှိသည့် ဝင်ပေါက်(၁၂)ခုနှင့် ပြသာဒ်အိုး(၄၈)ခု ပါရှိသော (၂)ကီလိုမီတာ ရှည်လျားသည့် တံတိုင်းကြီး(၄)ခုဖြင့် ဝန်းရံထားသော စတုရန်းသဏ္ဍာန် မြို့ခံတပ်ပေါ်တွင်တည်ရှိသည်။ မြို့ခံတပ်ကို ရင်သပ်ရှုမောဖွယ်ကောင်းသော (၆၀)မီတာကျယ်ဝန်းသည့် ကျူံးကြီးနှင့် တံတားအသွယ်သွယ်များဖြင့် ဝန်းရံထားသည်။ ယင်းတွင် စုဝေးရာခန်းမများ၊ ရာဇာပလ္လင်ခန်းမများ၊ ဘုန်းကြီးကျောင်းတစ်ဆောင်၊ ကင်းမြင့်မျှော်စင်၊ ခုံရုံးအဆောက်အဦး၊ ဗုဒ္ဓစွယ်တော်ထားရှိရာအဆောက်အဦးနှင့် စာကြည့်တိုက်တစ်ခုတို့ စုဝေးတည်ရှိသည်။

မန္တလေးတောင်

မန္တလေးတောင်သည် မန္တလေးမြို့လယ်၏ မြောက်ဘက်တွင် တည်ရှိပြီး (၂၃၀)မီတာအမြင့်ရှိသည်။ ၎င်းမှနေ၍ ဘုရားစေတီကျောင်းဆောင်များကို အစက်အပြောက်များကဲ့သို့သာ လှမ်း၍မြင်ရသည်။ အထူးသဖြင့် နေထွက်ချိန်နှင့်နေဝင်ချိန်တွင် မြို့၏ဒဏ္ဍာရီဆန်ဆန် ခမ်းနားလှသည့် ပန်းချီကားတစ်ချပ်အတွက် တောင်၏တောင်ဘက်အခြမ်းအတက်လမ်းရှိ စောင်းတန်းမှ ဖိနပ်မပါပဲ တက်ရခြင်းသည် ထိုက်တန်သည်ဟုယူဆ၍ရသည်။ ကမ္ဘာလှည့်ခရီးသည်များသည် ကားဖြင့်တောင်ပေါ်သို့တက်နိုင်သော်လည်း အရောင်စုံလှည့်ဘုရားဖူးဧည့်သည်အစီအတန်းများနှင့် ကုန်ပစ္စည်းများရောင်းချသော လက်ပွေ့သည်များကို တောင်အတက်လမ်းတွင်မြင်ရသောကြောင့် လမ်းလျောက်၍လည်းတက်ကြသည်။ အတက်ခရီးတွင် ထူးခြားလှသည့် လျှပ်တပြတ် မြင်ကွင်းများကိုကြည့်ရူ့နိုင်သည်။ တောင်ခြေတွင် မြို့ပြဆူညံသံများနှင့် အံသြဖွယ်ကောင်းလှသော သဘာဝရူ့ခင်းများကိုလည်း ခံစားနိုင်သည့် (၁၈)ကျင်းပါရှိသော ရွှေမန်းတောင်ဂေါက်ကွင်းလည်းတည်ရှိသည်။

အမရပူရမြို့

အမရပူရမြို့သည် ကုန်းဘောင်မင်းဆက်၏ ရှေးဟောင်းမြို့တော်တစ်မြို့ ဖြစ်ပြီး ပိုးထည်ရက်လုပ်ခြင်းလုပ်ငန်းဖြင့်လည်း ကျော်ကြားသည်။ ဖြိုဖျက်ခဲ့သော အဆောက်အဦးများမှ ပြန်လည်သိမ်းယူခဲ့သော ကျွန်းသစ်များကို အသုံးပြု၍ ၁၉ရာစုအလယ်ခန့်တွင် တည်ဆောက်ခဲ့သည့် ဦးပိန်တံတားသည် အထူးသဖြင့် ထင်ရှားလှသည့် အရိပ်ထင်ဟပ်စေသောနေဝင်ချိန် ညနေအစောပိုင်းတွင် မြင်ရသော ကျက်သရေရှိ၍ တောက်ပသော မြင်ကွင်းတစ်ခုဖြစ်သည်။ အနီးအနားတွင် သစ်သားရုပ်ပုံများ (၂၈၀၀၀)ကျော် ထွင်း၍ အလှဆင်ထားသော မဟာဝေယံဘုံသာ ဗားကရာဘုန်းကြီးကျောင်းသည်လည်း လည်ပတ်နိုင်သည်။

မင်းကွန်းမြို့

သည် စစ်ကိုင်းတိုင်းအတွင်း ကျစ်လျစ်သပ်ရပ်သော မြစ်ကမ်းနားမြို့လေးဖြစ်ပြီး မန္တလေးမှ ၁၀ကီလိုမီတာကွာဝေးသော ဧရာဝတီမြစ်အနောက်ဘက် ကမ်းပါးပေါ်တွင်တည်ရှိသည်။ ၎င်းသည် ကျော်ကြားလှသည့် လေ့လာရေးခရီးစဉ်တစ်ခုဖြစ်ပြီး အနည်းဆုံးနေ့တစ်ဝက်ခန့် ယင်းမြို့၏ စွဲကျန်ရစ်စေသော မြင်ကွင်းများကို စူးစမ်းရင်းကုန်ဆုံးနိုင်သည်။ မင်းကွန်းသို့ စစ်ကိုင်းမှကားလမ်းဖြင့် သွားနိုင်သော်လည်း မန္တလေးမှ စက်လှေစီး၍သွားခြင်းကပို၍ကြည်နူးဖို့ကောင်းလှပါသည်။ မင်းကွန်း၏ကြီးမားလှသော သမိုင်းဝင်အထောက်အထားများသည် သမိုင်းတွင်ကျန်ရစ်ခဲ့သော ထင်ရှားလှသည့်သာဓကများအဖြင့် လက်ကိုင်ထားသည်။ မင်းကွန်းတွင် မင်းကွန်းခေါင်းလောင်းကြီး၊ မင်းကွန်းပုထိုးတော်ကြီးနှင့် ဆင်ဖြူမယ်ဘုရားကိုလည်းလေ့လာနိုင်သည်။

အင်းဝ

အင်းဝသည် ၁၄ရာစုမှ ၁၉ရာစုအတွင်း မင်းဆက်အများအပြား၏ မြို့တော်အဖြစ်တည်ရှိခဲ့ပြီး ဧရာဝတီမြစ်နှင့်မြစ်ငယ်မြစ်တို့၏ ကမ်းပါးပေါ်တွင် တည်ရှိသည်။ မန္တလေးမှ ၂၁ကီလိုမီတာခန့်ဝေးပြီး ၎င်း၏အဓိကဆွဲဆောင်သောအရာမှာ ၁၉ရာစုခေတ်က မဟာအောင်မြေဘုံဇံကျောင်းနှင့် ၁၈၃၀ခုနှစ်ပတ်ဝန်းကျင်က တည်ဆောက်ခဲ့ပြီး ကြီးမားလှသည့် ကျွန်းတိုင်ကြီး ၃၀၀ နီးပါးဖြင့် ထောက်ကာ တည်ဆောင်ထားသည့် ဗားကရာကျောင်းတို့ဖြစ်ပါသည်။ ၎င်း၏ ကွေ့ကောက်လှသော သစ်သားပန်းပုလက်ရာကြောင့် ထင်ရှားလှသည်။


ပြင်ဦးလွင်မြို့

ပင်လယ်ရေမျက်နှာပြင်အထက် ၁၀၇၀မီတာတွင် တည်ရှိပြီး တောင်ပေါ်အေးခဲသောရာသီဥတုဖြင့် အနီးဆုံးတောင်ပေါ်စခန်းမြို့ဖြစ်သည်။ ယင်းမြို့သည် မန္တလေး၏အပူဒဏ်ရှောင်ရာ အကောင်းဆုံနေရာလည်းဖြစ်သည်။ ပြင်ဦးလွင်၏ လန်းဆန်းလှသော ကိုလိုနီခေတ်တောင်ပေါ်စခန်းသည် ဗြိတိသျှတို့ စိုးမိုးစဉ်အခါက နွေရာသီဆုတ်ခွာရာအရပ်လည်းဖြစ်သည်။ မန္တလေးမှပြင်ဦးလွင်သို့ ရောက်ရှိရန် ၁နာရီနှင့်မိနစ်၃၀ကြာပြီး ကားလမ်းနှင့်သာမက ရထားလမ်းဖြင့်လည်း ရောက်ရှိနိုင်သည်။

ကျောက်တော်ကြီးဘုရား

အထင်ကရစကျင်ကျောက်ရုပ်ပွားတော်အနေဖြင့် ကျော်ကြားပြီး မန္တလေးတောင်ခြေတွင် တည်ရှိသည်။ ၁၈၆၅ခုနှစ်တွင် မင်းတုန်းမင်းမှတည်ခဲ့ပြီး လှပလှသော စကျင်ကျောက်အတုံးကြီး တစ်တုံးတည်းဖြင့် ကျောက်ဆစ်ထွင်းထားသော ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ရှိသည်။ မြန်မာနိုင်ငံ၏ ကြီးကျယ်လှသော ပွဲတော်များအနက် ကျောက်တော်ကြီးဘုရားပွဲသည် အောက်တိုဘာလတွင် ကျင်းပပြီး ကမ္ဘာအနှံ့မှ ဧည့်သည်များအား ဆွဲဆောင်ရာပွဲလည်းဖြစ်သည်။

ဆင်ဖြူမယ်ဘုရား

ဘကြီးတော်မင်းတရားကြီးထီးနန်းမရခင် သုံးနှစ်ခန့်က သူ၏နောက်ဆုံးမိဖုရား ဆင်ဖြူမယ်မင်းသမီးကို အောက်မေ့ရည်စူး၍ ၁၈၁၆တွင် ဆင်ဖြူမယ်ဘုရားကို တည်ထားခဲ့သည်။ မြင့်မိုရ်တောင်ထိပ်တွင်ရှိသော စူဠာမဏိဘုရားကို ရည်စူး၍ တည်ခဲ့သည်။ စေတီပတ်လည်ရှိ လှိုင်းသဏ္ဍာန် လှေကားခုနှစ်သွယ်သည် မြင့်မိုရ်တောင်ပတ်လည်ရှိ တောင်ခုနှစ်လုံး ကိုယ်စားပြုသည်။ ၁၈၃၈ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီး ၁၈၇၄ခုနှစ်တွင် မင်းတုန်းမင်းမှ ပြန်လည်ပြုပြင်ခဲ့သည်။

မဟာမြတ်မုနိရုပ်ပွားတော်

မန္တလေးမြို့၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ ဤရုပ်ပွားတော်၏ထူးခြားချက်မှာ စိန်၊ပတ္တမြား၊နီလာနှင့် အမျိုးမျိုးသောကျောက်မြတ်ရတနာများ စီခြယ်ထားသော မကိုဋ်တော်နှင့် ၄မီတာအမြင့်ရှိ၍ ၆.၅တန်ကြေးပိဿာချိန်ရှိသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော်၏မျက်နှာတော်ကို ရိုးရာအယမပြတ် နံနက်စောစောတွင် မျက်နှာသစ်တော်မူခြင်းကို နေ့စဉ်ဝတ်ပြုသူများက လုပ်ဆောင့်လေ့ရှိသည်။

အတုမရှိကျောင်း

မန္တလေးရွှေနန်းတော်၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ရွှေနန်းတော်မှ ၁၀မိနစ်ခန့် မောင်းလျှင်ရောက်နိုင်ပါသည်။ ၁၈၅၇ခုနှစ်တွင် မင်းတုန်းမင်းမှတည်ဆောက်ခဲ့ပါသည်။ ထိုကျောင်းတော်ကြီး၏မူလကျွန်းသစ်ကျောင်းတော်မှာ ဉာဏ်တော်ပေ၃၀ဖြင့်သည့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ကျောင်းတော်ကိုဖျက်ဆီးခဲ့ငည့် မြို့တွင်းမှမီးဘေးအန္တရာယ်ကြောင့် ၁၈၉၀တွင် ပြာကျခဲ့ရသည်။ အထိမ်းအမှတ် အောက်မေစြရာတစ်ခုအဖြစ် နိုင်ငံတော်၏ ရှေးဟောင်းသုတေသနဌာနမှ ၁၉၉၆ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ပြီး မန္တလေးမြို့၏ မသွားမဖြစ်နေရာတစ်ခုဖြစ်ပါသည်။

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin