နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

မန္တလေးတက္ကသိုလ် ဥပဒေပညာဌာနမှ ကျောင်းသားကျောင်းသူများ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ လာရောက်လေ့လာ

နေပြည်တော်၊၂၀၁၉ခုနှစ်၊ ဩဂုတ်လ၂၆ ရက်

   မန္တလေးတက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး)၊ ဒေါက်တာသီတာအောင် ခေါင်းဆောင်သည့် ဆရာ/ဆရာမ (၉)ဦး၊ ကျောင်းသားကျောင်းသူ (၁၅၈)ဦး ပါဝင်သော လေ့လာရေးအဖွဲ့သည် နေပြည်တော်၊ ရုံးအမှတ်(၅၄)ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးသို့ ယနေ့ မွန်းလွဲ ၃ နာရီတွင် လာရောက်လေ့လာကြသည်။

   လေ့လာရေးအဖွဲ့အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးတင်မောင်မြင့်က ခုံရုံး ရုံးခန်းအမှတ်(၂)တွင် လက်ခံတွေ့ဆုံခဲ့သည်။ ပထမဦးစွာ ခုံရုံးအဖွဲ့ဝင် ဦးတင်မောင်မြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် တရားစီရင်ရေး ကဏ္ဍတွင် ပါဝင်သော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းလွှာများ တင်သွင်းခြင်းနှင့် တင်သွင်းခွင့်ရှိသူများအကြောင်း စသည်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဦးသိန်းဝင်းက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ power point ဖြင့် ရှင်းလင်းခဲ့သည်။ ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးရဲမျိုးဦးက ခုံရုံး Website နှင့် Online Law Library အသုံးပြုပုံ အဆင့်ဆင့်ကို ရှင်းလင်းခဲ့သည်။

   ထို့နောက် လေ့လာရေးအဖွဲ့မှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဦးမင်းသိမ်းနှင့် ဦးကျော်ဇေယျတို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ ဆက်လက်၍ ခုံရုံးအဖွဲ့ဝင် ဦးတင်မောင်မြင့်က မန္တလေးတက္ကသိုလ် ဥပဒေပညာဌာနမှ ကျောင်းသားကျောင်းသူများ လေ့လာနိုင်ရန်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှထုတ်ဝေသော စာအုပ် များကို ပါမောက္ခ (ဌာနမှူး) ထံ လက်ဆောင်ပေးအပ်ခဲ့သည်။

   တွေ့ဆုံပွဲအပြီးတွင် လေ့လာရေးအဖွဲ့သည် ခုံရုံးတရားစီရင်ရေး ရုံးခန်းအမှတ်(၁) သို့ သွားရောက် လေ့လာခဲ့ကြသည်။

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin
မန္တလေးမြို့

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin