မုံရွာတက္ကသိုလ် ဥပဒေပညာဌာနမှ ကျောင်းသားကျောင်းသူများ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ လာရောက်လေ့လာ

နေပြည်တော်၊၂၀၁၉ခုနှစ်၊ဇန်နဝါရီ ၃၀
မုံရွာတက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ(ဌာနမှူး)၊ ဒေါက်တာသင်းသင်းမာခေါင်းဆောင်သည့်ဆရာ/ဆရာမ (၁၀)ဦး၊ကျောင်းသားကျောင်းသူ (၉၆)ဦးပါဝင်သောလေ့လာရေးအဖွဲ့သည် နေပြည်တော်၊ ရုံးအမှတ်(၅၄)ရှိနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ယနေ့ နံနက် ၁၀ နာရီတွင် လာရောက်လေ့လာကြသည်။
လေ့လာရေးအဖွဲ့အားနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ်နှင့် ဒေါ်လှမျိုးနွယ်တို့ကခုံရုံးရုံးခန်းအမှတ်(၂)တွင်လက်ခံတွေ့ဆုံခဲ့ ပါသည်။ ထိုသို့ လက်ခံတွေ့ဆုံရာတွင် ခုံရုံးအဖွဲ့ဝင် ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်လှမျိုးနွယ် တို့နှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာခုံရုံးအဖွဲ့ဝင် ဒေါ်လှမျိုးနွယ်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအကြောင်း၊ နိုင်ငံတကာတွင်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများဖွဲ့စည်းထားရှိမှုအခြေအနေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားစီရင်ရေးစနစ် စသည်တို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဒုတိယညွှန်ကြားရေမှူးချုပ် ဦးသိန်းဝင်းက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ power point ဖြင့် ရှင်းလင်းခဲ့ပြီးသုတေသနနှင့်လေ့ကျင့်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးဦးအောင်ပိုင်ကခုံရုံး Website နှင့် Online Law Library အသုံးပြုပုံအဆင့်ဆင့်ကိုရှင်းလင်းပြောကြားခဲ့သည်။