Main menu

International Activities

               ကာဇက်စတန်သမ္မတနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး ဥက္ကဋ္ဌ H.E Ms. Elvira Azimova ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးကျော်ဆန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Constitutional Justice: Dignity, Freedom and Justice for All” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲသို့ ၇-၉-၂၀၂၃ ရက် နေ့မှ ၈-၉-၂၀၂၃ ရက်နေ့အထိ ကာဇက်စတန်သမ္မတနိုင်ငံ၊ အက်စ်တာနာမြို့တွင် တက်ရောက်ခဲ့ သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အဖွဲ့ဝင် ဒေါက်တာမာလာအောင်သည် မွန်ဂိုလီးယားနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်းကြီး (AACC)၏ ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲအခမ်းအနားသို့ ၅-၆-၂၀၂၃ ရက်နေ့ မြန်မာစံတော်ချိန်မွန်းလွဲ ၁၃:၃၀ အချိန်တွင် online မှ တစ်ဆင့် ပါဝင်တက်ရောက် ခဲ့သည်။

 ကိုရီးယားသမ္မတနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး ဥက္ကဋ္ဌ H.E.Mr. Namseok Yoo ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးကျော်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် “Access to  Justice: Constitutional Perspectives” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် (၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲသို့ ၂၉-၅-၂၀၂၃ ရက်နေ့မှ ၁-၆-၂၀၂၃ ရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် တက်ရောက်ခဲ့ပါသည်။

     နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးသာဌေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး တည်ထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်း အမှတ်အဖြစ် “Constitution and Constitutional Supervision: Developing the Doctrine and Advancing the case – law” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာညီလာခံ ( International Conference ) နှင့် ၁၁ ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာဖိုရမ် (11th St.Petersburg International Legal Forum) တို့သိ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်သည် ဩဂုတ်လ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ VIDEO CONFERENCING စနစ်ဖြင့် ကျင်းပသည့် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးများနှင့်အဆင့်တူ အဖွဲ့အစည်းများအသင်း (AACC- Association of Asian Constitutional Courts and Equivalent Institutions) ၏ စတုတ္ထအကြိမ် အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးမှ ပါဝင်တက်ရောက်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှဌေးသည်  အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဘာလီမြို့တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်သော  အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူများအသင်း (AACC) ၏ အထွေထွေအတွင်းရေးမှူးချုပ်များအစည်းအဝေးသို့ (Meeting of Secretary General of AACC ) သို့တက်ရောက်ခဲ့သည်။ အဆိုပါညီလာခံသို့ မြန်မာနိုင်ငံအပါအဝင် ကိုရီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ အာဖကန်နစ္စတန်နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊

မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့၌ မွန်ဂိုလီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးနှင့် ဥပရောပ ဗင်းနစ်ကော်မရှင်တို့ ပူးပေါင်း၍ ၆-၆-၂၀၁၉ ရက်နေ့မှ ၇-၆-၂၀၁၉ ရက်နေ့အထိ  ကျင်းပ ပြုလုပ်သည့် " အာဏာခွဲဝေမှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး" အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးမြင့်ဝင်းနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းတို့ ပါဝင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့တက်ရောက်ခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်း ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ကျင်းပခဲ့သည့် “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားသူကြီးများ၏ တတိယအကြိမ် ကမ္ဘာ့ ညီလာခံ” သို့ တက်ရောက်ခဲ့သည်။

Pages