စာအုပ်များ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ စာကြည့်တိုက်ရှိကဏ္ၒအလိုက်စာအုပ်များစာရင်းဖြစ်ပါသည်။


ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားတရားရုံးများ (၃)နိုင်ငံ (၉)နိုင်ငံတို့မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးများအကြောင်းကို ခုံရုံးသုတေသနအဖွဲ့က သုတေသနပြုထားသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။

၁၉၁၉ ခုနှစ်၊ အိန္ဒိယစီရင်အုပ်ချုပ်မှုအက်ဥပဒေ၊ ၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှုအက်ဥပဒေ၊ ၁၉၄၃ ခုနှစ်၊ ဗမာနိုင်ငံတော်အုပ်ချုပ်ရေးစည်းမျဉ်းပြုလုပ်သောဥပဒေ တို့ကို အခန်းကဏ္ဍအလိုက် နှိုင်းယှဉ်ထားချက်များကို ခုံရုံးသုတေသနအဖွဲ့က သုတေသနပြု ထားသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။
.jpg?itok=RAFfUmoI)
(၁၉၄၈−၁၉၆၄) အတွင်း ထုတ်ဝေခဲ့သည့် မြန်မာနိုင်ငံတရားစီရင်ထုံးများအနက်မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စီရင်ထုံးများကို ရွေးချယ်၍ စီရင်ထုံးပေါင်း (၄၁) ခုနှင့် ပုံနှိပ်ထုတ်ဝေခဲ့ခြင်းမရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လွှဲအပ်မှုတစ်မှုတို့ကို စုစည်းဖော်ပြထားသော စာအုပ်ဖြစ်ပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ တို့ကို အခန်းကဏ္ဍအလိုက် နှိုင်းယှဉ်ထားချက်များကို ခုံရုံးသုတေသနအဖွဲ့က သုတေသနပြု ထားသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။