Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ဝန်ထမ်းများစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းဖွင့်လှစ်ခြင်း

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ခုံရုံးအဖွဲ့ဝင် ဦးညီညီက ဥပဒေဆိုင်ရာ အထွေထွေဗဟုသုတအနေဖြင့် မြန်မာနိုင်ငံသား ဖြစ်မှု မဖြစ်မှု ခေတ်အဆက်ဆက်ဥပဒေပြဋ္ဌာန်းချက်များ ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပါသည်။ အခမ်းအနားသို့  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။