Main menu

Local Activities

နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်ရင်ပြင်၌ ၅-၃-၂၀၂၃ ရက်နေ့တွင် ကျင်းပသော  ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနား၌ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပူဇော်ခံ တော်မူခဲ့ကြသည့် ပြည်တွင်း/ပြည်ပ ဆရာတော်၊ သံဃာတော်များနှင့် ဘွဲ့ခံသီလရှင်ဆရာကြီး များအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်နှင့် အရာထမ်း၊ အမှုထမ်းများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြ ပါသည်။

နေပြည်တော် ၊ မတ် ၂၉

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး တည်ထောင်ခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ရုံးခန်းအမှတ်(၂)တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

၂၀၁၉ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲနှင့် ဆွမ်းဆန် စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနားကို ၂၀-၃-၂၀ ၁၉ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် နေပြည်တော်ဥပ္ပါတသန္တိ စေတီတော်ပရိဝုဏ်ရှိ သာသနာ့ဗိမ္မာန်တော်ကြီး၌ကျင်းပရာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဦးမျိုးညွန့်နှင့်ဇနီးဒေါ်ဌေးရည်တက်ရောက်ကြည်ညို၍ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ပြီး လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဒေါ်လှမျိုးနွယ်သည် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ၂၂-၁၁-၂၀၁၈ ရက်နေ့မှ ၁၄-၁၂-၂၀၁၈ ရက်နေ့အထိ ဖွင့်လှစ်သော အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၂) ၌ " ဖွဲ့စည်းပုံအခြေခံဥပဒေဘာသာရပ်" ကို ဆွေးနွေးပို့ချခဲ့ပါသည်။

Pages