Main menu

သတင်းများ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး (၁၀)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ် နေပြည်တော် မတ် ၃၀           နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး တည်ထောင်ခြင်း (၁၀)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ၃၀-၃-၂၀၂၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးခန်းအမှတ်(၂)တွင် ကျင်းပပြုလုပ်ခဲ့သည်။
   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဝန်ထမ်းမိသားစုများ ၏ ဒသမအကြိမ်မြောက် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးအမှတ် ၅၄ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဉီးမျိုးညွန့် တက်ရောက်၍ ကထိန်လျာသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့သည်။
နေပြည်တော် နိုဝင်ဘာ ၁၁ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ဥက္ကဋ္ဌ ဦးမျိုးညွန့်သည် International Institute for Democracy and Electoral Assistance ၏ မြန်မာရုံးတာဝန်ခံ အကြီးအကဲ အသစ်ဖြစ်သူ Mr. Marcus Brand ကို ယနေ့ နံနက် ၁၁:၀၀ နာရီ၌ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။
နေပြည်တော် အောက်တိုဘာ ၂၇ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အားလုံးပါဝင်သော ခုံရုံးသည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်ပြီး ကယားပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တင်သွင်းသော တင်သွင်းလွှာအမှတ် ၁/၂၀၂၀ ကို e-Court စနစ်ဖြင့် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

Pages