Main menu

သတင်းများ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ နဝမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၊ ရုံးအမှတ်(၅၄)၊ နေပြည်တော်တွင် ကျင်းပခဲ့ရာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ဇနီး ဒေါ်ဌေးရည်၊ ခုံရုံးအဖွဲ့ဝင်များဖြစ်ကြ သော ဦးတင်မောင်မြင့်၊ ဦးမြင့်ဝင်း၊ ဦးခင်မောင်ချို၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်လှမျိုးနွယ်၊ ဦးကျော်ဆန်း တို့နှင့် အရာထမ်း အမှုထမ်းများ တက်ရောက်ကြသည်။
နေပြည်တော် ဇူလိုင် ၃ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၁၉ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၉:၃၀ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး ပတ်ဝန်းကျင်တွင် ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ခုံရုံးအဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ခုံရုံး အဖွဲ့ဝင်များက ရတနာတန်းဝင်ကျွန်းပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးခဲ့ကြ သည်။
               နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဒေါ်လှမျိုးနွယ်နှင့်အဖွဲ့သည် ကိုရီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံ ဆိုလ်းမြို့တွင် ဇွန် ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပသည့် အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူတရားရုံးများအဖွဲ့ (AACC) ၏ ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ ည ၁၀ နာရီက လေကြောင်းခရီးဖြင့် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့မှ ပြန်လည်ရောက်ရှိလာသည်။
နေပြည်တော်  ၂၀၁၉ ဇွန် ၁၈ နိုင်ငံတော်ဖွဲစည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဝန်ထမ်းသား၊သမီးများ၏  ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀:၃၀ အချိန်တွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးအမှတ် (၅၄)၌ ကျင်းပ ပြုလုပ်ခဲ့ရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

Pages