Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

3-7-2019

နေပြည်တော် ဇူလိုင် ၃

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၁၉ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၉:၃၀ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး ပတ်ဝန်းကျင်တွင် ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ခုံရုံးအဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ခုံရုံး အဖွဲ့ဝင်များက ရတနာတန်းဝင်ကျွန်းပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးခဲ့ကြ သည်။

ထို့နောက် အရာထမ်း၊ အမှုထမ်းများက ပျဉ်းကတိုး၊ မဟော်ဂနီ၊ ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ဖွားဖက်၊ ပိတောက်၊ ငု နှင့် ငုစပ်ပင်များကို စုပေါင်းစိုက်ပျိုးကြရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးကြသည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၁၉ ခုန  ှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုး ပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ဖွားဖက်၊ ပိတောက်၊ ငု နှင့် ငုစပ်စသည့် အပင်ပေါင်း ၅၂၅ ပင် ကိုစိုက်ပျိုးခဲ့ကြသည်။