Main menu

“ချီလီနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခြင်းမှတစ်ဆင့် ဒီမိုကရေစီနိုင်ငံသို့ အကူးအပြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အခန်းကဏ္ဌ” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနလုပ်ငန်းများ ဆောင်ရွက် ရာတွင် အတွေ့အကြုံနှင့် အသိပညာများ တိုးပွားလာစေရန်၊ ချီလီနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းခြင်း နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် သက်ဆိုင်သော အသိအမြင် ဗဟုသုတများ ရရှိလာ စေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အတွေးအခေါ်များ မြင့်မားလာစေရန် ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် International Institute For Democracy and Electoral Assistance (IDEA) တို့ပူးပေါင်း၍ “ချီလီနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခြင်းမှတစ်ဆင့် ဒီမိုကရေစီနိုင်ငံသို့ အကူးအပြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉:၀၀ နာရီတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္က ဦးမျိုးညွန့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် International IDEA မှ Programme Manager Ms. Kimana Zulueta Fuelscher က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ် အတိုင်း ကျင်းပပြုလုပ်ခဲ့ရာ ချီလီနိုင်ငံ Universidad Diego Portales တက္ကသိုလ်မှ ပါမောက္ခ Javier Cousom က “ချီလီနိုင်ငံ၏ အခြေခံဥပဒေရေးဆွဲခြင်း မှတစ်ဆင့် ဒီမိုကရေစီနိုင်ငံသို့ အကူးအပြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အခန်း ကဏ္ဌ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး ​ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဉီးမျိုးညွန့် က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကားပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို မွန်းလွဲ ၅း၀၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ခုံရုံးသုတေသနအဖွဲ့မှ အရာထမ်းများ၊ IDEA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။