Main menu

တင်သွင်းလွှာအမှတ် (၁/၂၀၂၀)နှင့်စပ်လျဉ်း၍ e-Court စနစ်ဖြင့် လျှောက်လဲချက်ကြားနာခြင်းကို တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

၁။      နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ၂၀၂၀ ပြည့်နှစ် တင်သွင်းလွှာအမှတ် ၁၊ ဦးအယ်လ်ဖောင်းရှိုနှင့် ဥက္ကဋ္ဌ၊ ကယားပြည်နယ်လွှတ်တော် အမှုကို e-Court စနစ်ဖြင့် ကြားနာ မည်ဖြစ်ကြောင်း ခုံရုံးနည်းဥပဒေ ၁၇ အရ ကြားနာရန် ကြိုတင်သတိပေးအမှုစာရင်းပုံစံ၊ (ပုံစံ-၇)ဖြင့် ကြားနာမည့်နေ့ရက်ကို ကြေညာထားပြီးဖြစ်ပါသည်။

၂။       လျှောက်လဲချက်ကြားနာခြင်းနှင့်စပ်လျဉ်း၍ ခုံရုံးဥပဒေ ပုဒ်မ ၂၁၊ ပုဒ်မခွဲ(ဃ) အရ အများပြည်သူသိရှိနိုင်စေရန် ကြားနာမည့်နေ့ရက်ဖြစ်သော ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၆ ရက်၊ အင်္ဂါနေ့၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် https://youtu.be/ikE_PCleP38 မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

တိုက်ရိုက်ကြည့်ရှုရန်