Main menu

တင်သွင်းလွှာအမှတ် (၁/၂၀၂၀)နှင့်စပ်လျဉ်း၍ e-Court စနစ်ဖြင့် အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ခြင်းကို တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

၁။      နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ၂၀၂၀ ပြည့်နှစ်၊ တင်သွင်းလွှာအမှတ် ၁၊ ဦးအယ်လ်ဖောင်းရှိုနှင့် ဥက္ကဋ္ဌ၊ ကယားပြည်နယ်လွှတ်တော် အမှုကို e-Court စနစ်ဖြင့် အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်ကြောင်း ခုံရုံးနည်းဥပဒေ ၁၉ အရ အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်မည့် နေ့ရက်နှင့် အချိန်ကြေညာသည့်ပုံစံ၊ (ပုံစံ-၈)ဖြင့် ကြေညာထားပြီးဖြစ်ပါသည်။

၂။       အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့်စပ်လျဉ်း၍ ခုံရုံးဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ(င) အရ အများပြည်သူသိရှိနိုင်စေရန် ဆုံးဖြတ်ချက်ချမှတ်မည့် နေ့ရက်ဖြစ်သော ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၇ ရက်၊ အင်္ဂါနေ့၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် https://youtu.be/dXeCgX7WGRk မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။

တိုက်ရိုက်ကြည့်ရှုရန်