Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၂၀၂၁ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

25-6-2021

နေပြည်တော် ဇွန် ၂၅

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉:၀၀နာရီ တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးပတ်ဝန်းကျင်၌ ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် ခုံရုံးအဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ခရေပင်နှင့် ကုက္ကိုပင်များကို စိုက်ပျိုးခဲ့ကြပြီး ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုကို  လှည့်လည်ကြည့်ရှုအားပေးကြသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၁ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ ၌ လမ်းဘေးဝဲယာများတွင် အမြဲတမ်းစိမ်းလန်းစိုပြေစေရေးအတွက် အရိပ်ရအပင်များဖြစ်ကြသော  ကုက္ကို၊ ကံ့ကော်၊ စကားဝါ၊ သင်းဝင်၊ ပုန်းညက်၊ ပိတောက်၊ ခရေ၊ စိန်ပန်းဝါ၊  မဟော်ဂနီ နှင့်  ငုဝါ စသည့် အပင်ပေါင်း ၃၁၀ ပင်ကို စိုက်ပျိုးခဲ့ကြောင်းသိရသည်။