ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတမ်းပေါ်တွင် တည်ရှိပါသည်။ အနောက်ဘက်ရှိ ဘင်္ဂလားပင်လယ်အော်တွင် ပင်လယ်ကမ်းရိုးတမ်းရှည်တစ်ခုရှိသည်။ ၁၀၀၄၉ ပေအမြင့်ရှိသော ဗစ်တိုးရီးယားတောင်ထိပ်သို့ မြင့်တက်သွားသော ရခိုင်ရိုးမသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် ရခိုင်ပြည်နယ်ကို ပိုင်းခြားထားသည်။ ရခိုင်ပြည်နယ်တွင် မာန်အောင် နှင့် မြေငူကဲ့သို့သော ကမ်းရိုးတန်းမလှမ်းမကမ်းရှိ အသင့်အတင့်ကြီးမားသော ကျွန်းစုများတည်ရှိသည်။ ရခိုင်ပြည်နယ်တွင် ရန်ကုန်မှလေကြောင်းလိုင်းအားဖြင့် ၄၅ ကီလိုမီတာ အကွာတွင်တည်ရှိသော မြန်မာနိုင်ငံ၏ နာမည်ကြီးသောကမ်းခြေတစ်ခုဖြစ်သည့် ငပလီကမ်းခြေတည်ရှိသည်။ ငပလီကမ်းခြေသည် အတော်အသင့်ထင်ရှားသော်လည်း လူများထူထပ်ပြည့်ကျပ်မနေခြင်းနှင့် သူ၏ စိမ်းပြာရောင်တောက်ပသောရေ၊ အဖြူရောင်သဲပွင့်များ၊ ထန်းပင်များ နှင့် တံငါရွာများကြောင့် ပိုထင်ရှားလေသည်။ ရခိုင်ပြည်နယ်တွင် ရခိုင်မင်းဆက်၏ ရှေးဟောင်းမြို့တော်ဖြစ်သော မြောက်ဦး၊ ရှစ်သောင်းပုထိုးတော်ကြီး၊ ဓုကန်သိမ်းဘုရား၊ ကိုးသောင်းပုထိုးတော်ကြီး၊ လေးမျက်နှာဘုရား၊ အံ့တော်ဘုရားများ စသည့် ခရီးသွားလာသူများ လာရောက်လည်ပတ်နိုင်သည့် နေရာကောင်းများ တည်ရှိပါသည်။
သမိုင်းကြောင်း
ရှေးလွန်လေပြီးသောအခါက ပွင့်ထွန်း တော်မူခဲ့ကြသော ဘုရားရှင်သုံးဆူသည် ရခိုင်ပြည်ကို ဓညဝတီပြည်ဟူ၍ ဗျာဒိတ် ပေးတော်မူခဲ့သည်ဟု ရခိုင်ဗုဒ္ဓစာပေများတွင် ဖတ်ရှုရဖူးပါသည်။ ဤသို့မှတ်တမ်း ရှိခဲ့ခြင်းကို အကြောင်းပြုသော် ရခိုင်ပြည် သည် ရှေးအလွန်ကျခဲ့သည်ဟုဆိုရမည်ဖြစ်သည်။
နှောင်းပိုင်းအခါတွင် ရက္ခပူရ၊ ရက္ခိုင်၊ ရခိုင်တိုင်းဟု အမည်ရခဲ့ပြီး ယခုအခါ ရခိုင် ပြည်နယ်ဖြစ်ခဲ့ရသည်။ ဒေသနေပြည်နယ် သားများ ကလည်း ရက္ခိုင်ဟု ခေါ်ဝေါ်သုံးစွဲ ခဲ့ရသည်ကို နှစ်သက်ခဲ့ကြသည်။
ရခိုင်၏မူလအမည်ကို သျှစ်သောင်း ဘုရားအနီးရှိ (၁၁) ရာစုရေး အာနန္ဒစန္ဒြ ကျောက်စာမှတ်တမ်း၌ အာရက္ခံဒေ့ချ် ဟုဖော်ပြ ထားရာ ရခိုင်တို့မြေဟု အဓိပ္ပာယ် ရသည်။ ထိုအထောက်အထားသည် အနီး စပ်ဆုံးသောအထောက်အထားဖြစ်မည်ဟု လည်း ယူဆရသည်။ အေဒီ ၁၂၉၉ ခုနှစ် တွင်ရေးထိုးသော ပုဂံကျောက်စာတစ်ချပ် တွင်လည်း ရက္ခိုင်ဟူ၍ပင်တွေ့ရသည်ဟု သမိုင်းပညာရှင်များကဆိုသည်။
ရခိုင်ပြည်နယ်သည် ရှေးအမည် ဓညဝတီဖြင့် ပထမ၊ ဒုတိယ၊ တတိယဆိုသော ခေတ်သုံးခေတ်ကို မင်းနေပြည်တော်အဖြစ် မင်းဆက်များစွာ နှစ်ပေါင်းထောင်ချီ သက်တမ်းရှည်ခဲ့သဖြင့် သမိုင်းကြောင်း ရှည်လျားခဲ့ပြီး မင်းနှင့်ပြည်သူတို့ ကိုးကွယ် ကြသော သာသနာပြုဘုရား၊ စေတီ၊ ပုထိုး များစွာကိုလည်း တည်ထားခဲ့ကြသည်ကို တွေ့ရသည်။ သူ့ခေတ်အခါနှင့်သူ အနုသုခုမလက်ရာစုံစွာ အမွမ်းအပြောက်များ၊ ဗိသုကာလက်ရာများဖြင့် နှစ်ပေါင်းထောင် ချီကြာခဲ့ပြီဖြစ်၍ အိုခြင်း၊ ဟောင်းခြင်းများရှိလာပြီဖြစ်သည်။ သို့သော် ရှေးမူရှေးဟန် နှင့် ဖူးတွေ့နေကြရသည်။
ဓညဝတီ မင်းနေပြည်တော်ကာလခေတ် လွန်ခဲ့ပြီး နောက်ပိုင်းကာလများတွင် မင်း ဆက်ပေါင်းများစွာဖြင့် ရခိုင်မင်းနေပြည် နှင့် ဘုရား၊ စေတီ၊ ပုထိုးများစွာတွင် ရှေးလွန်လေပြီးသောအခါက ဘုရားစေတီနှင့် မြောက်ဦးမြို့သည် ရခိုင်ပြည်နယ်၏ ဗုဒ္ဓ သာသနာ အတွက် ဂုဏ်ကျက်သရေဆောင် မြို့ဖြစ်ခဲ့ရသည်။ ထို့ပြင် မြောက်ဦးမြို့၌ ရခိုင်မင်းစဉ်အဆက်ဆက်၏ မြို့တည်၊ နန်းတည်၊ နန်းတော်ကုန်း၊ မြို့ရိုးဟောင်း များ၏အ<ကင်းအကျန် အုတ်နံရံကြီးများ လည်းရှိနေသေးသည်။
ရခိုင်စာပေမှတ်တမ်းတစ်ခုတွင် မြန်မာ သက္ကရာဇ် ၈၉၃ ခုနှစ် သီတင်းကျွတ်လဆန်း ၂ ရက်(စနေနေ့)တွင် မင်းဗာကြီး ခေါ် မင်း ဘင်က အထူးတလည်ပြုပြင်ခဲ့သည်ဟူ သည့်မှတ်တမ်းကိုကြည့်လျှင် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကျော်က မြောက်ဦးရွှေ ပြည်ကို အရပ်ရပ်သောပြုပြင်မှုပြုခဲ့သည် ဟု မှတ်သားရမည်။ ထို့ကြောင့် ရခိုင်ပြည် ကိုလည်း နှစ်ပေါင်း ၅၀၀ ကျော်ကာလ ထက်စော သောအချိန်ကပင် တည်ခဲ့သည် ဟု မှတ်သားကြရမည်ဖြစ်သည်။
ကုန်းမြေ၊ တောင်တန်း၊ ပင်လယ်ကမ်းနှင့် သာယာလှပသော ကမ်းခြေများ၊ ပင်လယ် ကဗွီးပင်များ၏ စိမ်းစိုစိုအလှများကို ခံစား နိုင်သည့်အပြင် ရခိုင်မြေအလှကိုပုံဖော်ကာ ရှေးဟောင်းအမွေအနှစ်ဘုရားများ ဖူးမြော် နိုင်သည်။ ရခိုင်ပြည်နယ်ရှိ မြောက်ဦးရွှေ မြို့တော်၌ ရှေးဟောင်းအမွေအနှစ်များ တည်ရှိနေသောကြောင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်များနှင့်ဟူသောဂုဏ်ပုဒ်ကိုလည်း ပိုင်ဆိုင်သင့်ပေသည်။
ကမ္ဘာ့တစ်ဖက်ခြမ်းမှ ဥရောပနိုင်ငံသား များကလည်း မြောက်ဦးမြို့တော်ကို ရွှေမြို့တော်ဟူ၍လည်းကောင်း၊ စေတီပုထိုး မြို့တော်ဟူ၍လည်းကောင်း အမည်ပေး ခဲ့ကြသည်ဟုလည်း မှတ်သားရပါသည်။ ထို့ကြောင့် မြောက်ဦးမြို့၏သမိုင်းကြောင်း သည် ဂုဏ်တက်စရာများနှင့် ရွှေနားကွပ်ခဲ့ခြင်းဖြစ်၍ သမိုင်းကြောင်းကိုလေ့လာ မှတ်သားသင့်ပါသည်။
မြောက်ဦးမြို့တော်ကို အေဒီ ၁၄၃၀ ပြည့်နှစ်တွင် မင်းစောမွန်က စတင်တည် ထောင်ခဲ့ပြီး ထိုအချိန်က မြို့တော်ကြီးသည် သာယာအေးချမ်းမှုများဖြင့် လူအများ၏ဘဝများလည်း အေးချမ်းစွာရှိခဲ့ကြသည်မှာ နှစ်ပေါင်း ၃၅၅ နှစ်အထိရှိခဲ့သည်။ ဤ သို့ဖြင့် သမိုင်းကြောင်းကောင်းသော မင်း တို့ဌာနေသည် ရခိုင်တိုင်းရင်းသားတို့၏ မြို့တော်ကြီးဖြစ်ခဲ့သည်။
ထို့ကြောင့် လွန်ခဲ့သောတစ်ချိန်က မြောက်ဦးမြို့တော်သို့ ရောက်ခဲ့ဖူးသော အနောက်နိုင်ငံသား ချီတင်ဆိုသူက သူ၏ မှတ်တမ်းတွင် မှတ်သားခဲ့သည်က “မြောက် ဦးမြို့တော်၏ ကြွယ်ဝချမ်းသာမှုများနှင့် မြို့အတွင်း၌ တွေ့ရသည်ကလည်း လန်ဒန်၊ အက်စတာဒန် စသောအနောက်တိုင်းမြို့ပြ ကြီးများနှင့် ယှဉ်နိုင်ကြောင်းတွေ့ရ၏” ဟု ဆိုထားသည့်အတွက် ထိုအချိန်အခါက မြောက်ဦးမြို့တော် သည် ဧကန်ပင်ကြွယ်၀ ချမ်းသာခြင်းများနှင့် အေးချမ်းနေမည်ဖြစ်သည်။ မြို့အတွင်းအပြင်တွင်လည်း ကုန်းမြေအနှံ့ လက်ညှိုး ထိုးမလွဲတည်ထားကိုးကွယ်ကြသော ဘုရား၊ စေတီ၊ ပုထိုးများ တည်ရှိနေပြီဖြစ်သဖြင့် သာသနာကြွယ်၀ နေမှုကိုအကြောင်းပြု၍ သဇင်ပန်းခိုင် တမြိုင်မြိုင် ရခိုင်ဘုရားပေါင်းဆိုသော တဘောင်စကား ပေါ်ထွန်းခဲ့ဖူးခြင်းဖြစ်ပေမည်။ ယခုအခါ ထိုဘုရား၊ စေတီ၊ ပုထိုး များအား ဧကန်ဖူးမြင်ရပြီး အိုဟောင်းခြင်း များနှင့် ပြိုလုလုဟန်ဖြစ်နေသော်လည်း ရှေးမူရှေးဟန်မယွင်း တည်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ဘုရားဖူးလာရောက်ကြရသူများအဖို့လည်း ဤကဲ့သို့ ရှေးနှစ်ပေါင်းများစွာက ရှေးဟောင်း သာသနာ့ အမွေအနှစ်များကို ဖူးကြ၊ မြင်ကြရသည်မှာ ထူးလှပေသည်။
မြောက်ဦးမြို့သည် ရခိုင်ပြည်နယ်၏ မြို့တော်မဟုတ်သော်လည်း ပြည်နယ်အတွက် ရှေးဟောင်းအမွေအနှစ်များနှင့် သမိုင်းကြောင်း ခိုင်မာခဲ့သော မြို့ကြီးဖြစ်သည်။ သို့ပါ၍ တခြားသောရှေးဟောင်း အမွေအနှစ်များနှင့် ဖြည့်စွက်နေမည့် မှတ်တမ်းများကို လေ့လာကြည့်သောအခါ လွန်ခဲ့သောအချိန်က မြောက်ဦးမြို့တော် ၏လုံခြုံရေးအတွက် မြို့တံခါးကြီး ၅၄ ခု ရှိခဲ့သည်ဟု မှတ်တမ်း များရှိခဲ့သည်ကိုတွေ့ရပြီး ယခုကာလများတွင် ထိုတံခါးကြီးများ၊ မြို့တံခါးပေါက်ကြီးများ ပျက်စီးခဲ့ပြီဖြစ်၍ အကြွင်းမျှသော အုတ်တံတိုင်းများကိုသာ တွေ့ရသည်။ အကယ်၍ ထိုတံခါးကြီး များရှိကြဦးမည်ဆိုလျှင် သမိုင်းဂုဏ်ရှိန် မြင့်မားမှုများနှင့် မြောက်ဦးမြို့ကြီးကို မြင်စမ်းချင်ပါသည်။ သို့သော် ရှိခဲ့သည်ဆိုသော သမိုင်းမှတ်တမ်းများနှင့် မြောက်ဦးမြို့သည် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်များ စာရင်း ဝင်နိုင်ပြီဖြစ်သည်ဟု ဂုဏ်ပြုစကားဆိုချင်သည်။
ရှေးမင်းများသည် မြောက်ဦးမြို့ကြီးကို တည်ခဲ့ရာတွင် စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက်ခဲ့သည်ဆိုသော ပေမူများရှိ၍ ထိုပေမူများအရ တွေ့ရှိမှတ်သားရသည်မှာ မြောက်ဦးမြို့တော်ကို သိုက်ကျမ်း၊ ကျိန်းခန်း၊ ပါရာကျမ်းနှင့် အတိတ်နိမိတ်ဓာတ် ကျမ်းများ၊ သူရော်တယျကျမ်း၊ အစသာခါ ကျမ်း၊ နမန္ဒာကျမ်း၊ စူဠာမဏိကျမ်းတို့နှင့် ညှိနှိုင်းတွက်ချက်၍ ဆောင်ရွက်ခဲ့သည်ဟု လည်း မှတ်သားရပါသည်။
ထို့ကြောင့် မြောက်ဦးမြို့သို့ ဘုရားဖူး ခရီးသွားကြမည့်ဧည့်သည်များအဖို့ အဆူ ဆူသောရှေးဘုရားများအပြင် မြောက်ဦးခေတ် ထွန်းကားခဲ့စဉ်အခါက စီမံပြုပြင်ခဲ့ သော ကျုံး၊ မြို့တံခါး၊ တံတိုင်း၊ ပြအိုးများကို ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ အဖြစ် တွေ့မြင်ကြရမည်ဖြစ်သည်။
ရခိုင်စာပေများတွင် မြောက်ဦးမြေမှ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို စာပေအသွင်ရေးဖွဲ့ထားသည်မှာ “ဘုရား များလှ၊ လေးဌာနနှင့်၊ သုံးဝမြတ်ပန်း၊ ကျော်ဝှန်းတခြား၊ မူကားလေးမူ၊ ဂူမှာနဝ၊ သတ္တရတနာ၊ မာန်ငါးပါး၊ တည်ထားမြို့ တည် ငါးရပ်မည် တည်း” ဟု ရေးဖွဲ့ခဲ့မှုက ဧည့်သည်များအတွက် တဘောင်စကားဖြစ် မည်ဖြစ်ပြီး ထိုတဘောင်စကားပါအကြောင်း အရာများကို လေ့လာကြည့်သောအခါ ဘုရားများလှ လေးဌာနသည် သျှစ်သောင်း ပုထိုး၊ ကိုးသောင်းပုထိုး၊ အံတော်သိမ်၊ ထုက္ကန်သိမ် တို့ဖြစ်သည်။ ထိုဘုရားများတွင် များစွာသော စေတီ၊ ရုပ်ပွားများဖြင့် တည် ထားခဲ့ခြင်းဖြစ်သဖြင့် ဘုရားများလှဆိုသော စကားကို ရေးသားထားခြင်းဖြစ်သည်။
သုံးဝမြတ်ပန်းသည် ပထမ- မြောက်ဦး ခေတ် (အေဒီ ၁၄၃၀-၁၅၃၀)၊ ဒုတိယ- မြောက်ဦးခေတ် (အေဒီ ၁၅၃၁-၁၆၃၈)၊ တတိယ-မြောက်ဦးခေတ် (အေဒီ ၁၆၃၈- ၁၇၈၅) ဆိုသော ခေတ်သုံးခေတ်နှင့် ခိုင်မာ စွာတည်ခဲ့သော မြောက်ဦးမြို့တော်ကြီးဖြစ် သည်ဟုဆိုခြင်းဖြစ်သည်။
ကျော်ဝှန်းတခြားမှာ မြောက်ဦးမြို့သည် ရခိုင်မြေတစ်ဝှမ်းတွင် ကျော်ကျော်ကြားကြားတည်ရှိခဲ့သော မြို့တော်ကြီးဖြစ်သည် ဟုဆိုခြင်းဖြစ်သည်။ မူကားလေးမူသည် မြင်တော်မူ၊ ထင် တော်မူ၊ မျှော်တော်မူ၊ ပေါ်တော်မူ (ဘုရား ပေါ်) ဆိုသော ဘုရားလေးဆူကို မြို့တည်၊ နန်းတည် အရပ်လေးမျက်နှာ ဝန်းရံကာ၍ တည်ထားခဲ့သည်ဟု ဆိုခြင်းဖြစ်သည်။
ဂူမှာနဝသည် တောင်ညိုဂူ၊ ဂူဝဂူ၊ ဂူ တော်ဂူ၊ ကျောက်တစ်လုံးဂူ၊ ပိုးရွှီပြင်ဂူ၊ အင် တိုင်းဂူ၊ ကြိမ်ခမော်ဂူ၊ ဇီးကိုင်းဂူ၊ နိုင်တော် မူဂူဆိုသော ဂူကိုးလုံးကို မင်းဗာဘုရင်နန်း တက်စတွင် ကုသိုလ်တော်အဖြစ် ကျောက် တောင်များကို ဂူထွင်း၍ ဂူဘုရားကိုးဆူ တည်ထား ကိုးကွယ်ခဲ့သည်ဟု ဆိုခြင်းဖြစ် သည်။
သတ္တရတနာသည် ရခိုင်ပြည်၌ လူမျိုးစု ခုနစ်စုနေထိုင်ခဲ့သည်ကို ဆိုဟန်တူသည်။ ရခိုင်မျိုးနွယ်စုများ၊ မြိုမျိုးနွယ်စုများ၊ ခမီ မျိုးနွယ်စုများ၊ သက်မျိုးနွယ်စုများ၊ ဒိုင်း နက်မျိုးနွယ်စုများ၊ မရမာကြီးမျိုးနွယ်စုများ နှင့် ကမန်မျိုးနွယ်စုများဖြစ်ကြသည်။
မာန်ငါးပါးသည် သကျမာန်အောင်၊ ရတနာမာန်အောင်၊ ဇိနမာန်အောင်၊ လောက မာန်အောင်၊ မင်္ဂလမာန်အောင်ဆိုသော ဘုရားစေတီငါးဆူကိန်းဝပ်ရာ ဒေသဖြစ် သည်ဟု ဆိုရပါသည်။ တည်ထားမြို့တည် ငါးရပ်မည်သည် ရခိုင်ပြည်၌ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မောင်တောခရိုင်၊ ကျောက်ဖြူခရိုင်၊ သံတွဲခရိုင်ဆိုသော ခရိုင်ငါးခုဖြင့် ဖွဲ့စည်းထားပြီး မြောက်ဦးခရိုင်သည် အကြီးဆုံးခရိုင် ဖြစ်သည်။
ရခိုင်လူမျိုး - ရခိုင်ပြည်နယ်တွင် အများဆုံးနေထိုင်ကြပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင်လည်းကောင်း၊ ကျန်ပြည်နယ်နှင့် တိုင်းများတွင် လည်းကောင်း ပြန့်နှံ့နေထိုင်ကြသည်။ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ(၃)ခရိုင်မြို့နယ်ကျေး ရွာများတွင် အများဆုံးနေထိုင်ကြသည်။
ကမန်လူမျိုး- သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ဝန်းကျင်တွင် နေထိုင်ကြပါသည်။
ခမီလူမျိုး - ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်နှင့် ကုလားတန်မြစ်ရိုးတစ်လျှောက်တွင် နေထိုင် ကြသည်။
ဒိုင်းနက်လူမျိုး - ဒိုင်းနက်(၈)မျိုးအနက် လက်ဝဲတောင်ဒိုင်းနက်များသည် ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့များ တွင် နေထိုင်ကြသည်။ မောင်ညိုတောင်ဒိုင်းနက်တို့သည် မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်တို့တွင် နေထိုင်ကြသည်။ ကျန်ဒိုင်းနက်တို့သည် ဘူးသီးတောင်၊ မောင်တောမြို့နယ်များနှင့် လေးမြို့ ချောင်းများတွင် ပြန့်နှံ့နေထိုင်ကြသည်။ စစ်တွေမြောက်ဘက် ရခိုင်တောင်ရိုးပိုင်းတွင် အများဆုံး နေထိုင် ကြသည်။
မရမာကြီးလူမျိုး - မရမာကြီးတို့သည် ရခိုင်ပြည်နယ်တွင် အစဉ်အမြဲ နေထိုင်သူများဖြစ်ကြပြီး စစ်တွေ၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ပန်းမြောင်း၊ ဖုံသာ၊ ဆင်အိုးရွာ၊ မြေပုံနှင့် ကျောက်ဖြူ မြို့နယ်တို့တွင် မြို့ပေါ်နှင့် ကျေးရွာအသီးသီးတို့တွင် နေထိုင်ကြသည်။
မြိုလူမျိုး - မြိုတိုင်းရင်းသားတို့သည် ရခိုင်ပြည်နယ် မြို့ဟောင်း (မြောက်ဦး) မြို့နယ်ရှိ အကြီးတော်မတိုက်နယ်နှင့် ရမ်းချောင်းတိုက်နယ်များတွင် လည်းကောင်း၊ ကျောက်တော်မြို့နယ်ရှိ သရီချောင်း၊ ပီချောင်း၊ ယိုးချောင်းနှင့် တောမိရွာတို့တွင်လည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စမ်းပတီချောင်း၊ တောဖျားချောင်း၊ ကြိမ်ချောင်းနှင့် မောင်းမချောင်းများတွင် လည်းကောင်း၊ ဘူးသီးတောင်မြို့နယ် စိုင်းဒင်းဒေသနှင့် မောင်တောမြို့နယ်မြောက်ပိုင်း အင်တူလာ ဘော်တူလာ စသည့်ဒေသများတွင်လည်းကောင်း ပြန့်နှံ့နေထိုင်ကြသည်။
သက်လူမျိုး - ရခိုင်ပြည်နယ်၏ တောင်ရိုးနယ်များဖြစ်သော ဝေလာတောင်ကျေးရွာ၊ ခမောင်းဆိပ်၊ အောင် ချမ်းသာကျေးရွာ၊ တပ်ချောင်းကျေးရွာ၊ မင်္ဂလာညွန့်၊ တမန်းသား၊ သက်ကိုင်ညှာ၊ ရန်အောင်မြင်၊ အောင်ဇေယျ၊ လေးမိုင်မန်ကျည်းကုန်းကျေးရွာတို့ တွင်လည်းကောင်း၊ ဘူးသီးတောင် မြို့နယ် ကျွန်း ပေါက်၊ ကထီးလှ၊ ဂုပ္ပီ(အောင်ဇေယျ) ကျေးရွာတို့တွင် လည်းကောင်း၊ ရသေ့တောင် မြို့နယ် အောင်ဆိပ်၊ ချွတ်ပြင်၊ ချောင်းဝ၊ တောင်ရင်းတောင်တန်းရပ်ကွက် တို့တွင် လည်းကောင်း၊ မြောက်ဦးမြို့နယ် အောင်မင်္ဂလာရပ်ကွက်၊ ဆင်ချဆိပ်၊ မြို့သစ်ရပ်ကွက်များတွင် လည်းကောင်း၊ စစ်တွေမြို့ပေါ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ပြန့်ကျဲနေထိုင်လျက်ရှိကြပေသည်။
ဘာသာစကားနှင့် စာပေ
ရခိုင်တိုင်းရင်းသားတို့ သုံးစွဲနေသော ဘာသာစကားမှာ အရပ်ဒေသကိုလိုက်၍ လေယူလေသိမ်းတွင် ဗမာတို့နှင့် အနည်းငယ်သာ ကွာခြားလေသည်။ သက်၊ ဒိုင်းနက်၊ မြို၊ မရမာကြီးတို့တွင် သီးခြားဘာသာစကားများ ရှိကြသည်။ ယင်းတို့၏ ဘာသာစကားများမှာ ရခိုင်စကားနှင့်ခြားနားသော်လည်း အုပ်စုတူ အမျိုးကွဲ ဖြစ်သည်။ သက်တို့တွင် သီးခြားစကားရှိသော်လည်း အများစုသည် ရခိုင်စကားကို ပြောဆိုတတ်ကြပြီး မြိုနှင့် ချင်းတို့သည်လည်း ရခိုင်စကားကို ပြောဆိုတတ်ကြသည်။ သက်လူမျိုးတို့သည် ဘင်္ဂါလီစကားနှင့် ဆင်တူသော စကားကိုပြော၍ ဗုဒ္ဓဘာသာကို ကိုးကွယ်သည်။ ဒိုင်းနက်လူမျိုးတို့သည် ဘင်္ဂါလီစကားနှင့် နီးစပ်သော စကားတစ်မျိုးကို ပြော၍ ဗုဒ္ဓဘာသာကို ကိုးကွယ်သည်။ မြိုဘာသာစကားမှာ သီးခြား ရှိပြီး မြိုလူမျိုးတို့သည် အချင်းချင်း ပြောဆိုလေ့ ရှိသည်။ မြို အချင်းချင်းလည်း နေရာဒေသကိုလိုက်၍ စကားပြောဆိုရာတွင် အာသံ၊ လျှာသံများ ကွဲသည်။ ခမီတို့နှင့် မြိုတို့သည်အများဆုံး ရောနှော နေထိုင်၍ ဘာသာစကားအားဖြင့် ဆက်စပ်မှုရှိသည်။ ခမီနှင့် မြိုတို့၏ စကားတစ်ဆယ်လုံး၌ နှစ်လုံးခန့်မှာ တူညီကြသည်။ ကမန်လူမျိုးတို့သည် အစ္စလ
ဝတ်စားဆင်ယင်မှု
ရခိုင်ရိုးရာထည် အဆင်များတွင် အရွယ်နုဆင်၊ အလတ်ဆင်၊ အရွယ်လွန်ဆင် စသည့်ဖြင့် လည်းကောင်း၊ အရောင်အသွေးနှင့် အဆင်အားဖြင့် သတ်မှတ်မှုများ ရှိခဲ့သည်။ ရှေးကာလကမူ ပိုးထည်များကို များစွာ သုံးစွဲခဲ့သည်။ အဆင်အခြေခံများ ဖြစ်သော အပိုင်းမှာ ဝက်ပိုင်း အဆင်အမျိုးမျိုး၊ အတွန့်မှလှိုင်းချိတ်၊ လချိတ်၊ ပွင့်ထူးချိတ်ဆင် အမျိုးမျိုးနှင့် ရှေးအဆင်များတွင် စက်ဝိုင်း၊ ကျူထရံ၊ ပတ်လည်အချိတ် အဆင်အမျိုးမျိုးသည်လည်း ခေတ်စားခဲ့သည်။ အမျိုးသားတို့သည် ပုဆိုးတောင်ရှည်နှင့် ထိုင်မသိမ်းအင်္ကျီ၊ အနီ၊ သို့မဟုတ် ပန်းရောင်သွေး ဖောက်ထားသော လုံချည်များကို အများဆုံး ဝတ်ဆင်ကြသည်။ ထို့ပြင် ပန်းရောင်၊ သို့မဟုတ် အနီရောင်ခေါင်းပေါင်းများကို ပေါင်းလေ့ရှိပြီး ထိုးကွင်းထိုး၍ နားဖောက်ကြသည်။ အမျိုးသမီးများသည် ထိုင်မသိမ်းအင်္ကျီ (အနို့တိုက်အင်္ကျီ) နှင့် နောက်စထမီပေါင်စိပ်ကို ရင်တင်ပြီး ဝတ်ဆင်ကြ၍ ခါးတွင် ငွေခါးကြိုး၊ ပိုးနီးခါးကြိုး၊ ချည်ခါးကြိုးအနီကို စည်းလေ့ရှိသည်။ ပေါင်စိပ်ထမီမှာလည်း အများအားဖြင့် အနီနှင့်အနက် ပတ်လည်စင်း၊ အနီနှင့် ပန်းရောင် ပတ်လည်စင်းများ ဖြစ်ကြသည်။ ယခုခေတ်တွင် အမျိုးသားများသည် ရခိုင်ပုဆိုး၊ ရင်ဖုံးအင်္ကျီနှင့် တိုက်ပုံအင်္ကျီများကို ဝတ်ဆင် ကြသည်။ အမျိုးသမီးများသည် ရင်ဖုံးရင်စေ့အင်္ကျီများကို ဝတ်ဆင်၍ ကန့်လန့်စင်းပါသော အချိတ်လုံချည်များကို ဝတ်ဆင်ကြသည်။ ဥဿဖယား၊ ပတ္တမြား၊ ကြောင် အစရှိသည့် ကျောက်မျက်ရတနာများကို နေ့နံအလိုက် လက်ဝတ်ရတနာများအဖြစ် ဝတ်ဆင်လေ့ရှိသည်။
ယုံကြည်ကိုးကွယ်မှု
အထောက်အထားများအရ ဘီစီ ၆ ရာစု၌ ဂေါတမဘုရား သက်တော် ထင်ရှား ရှိစဉ်ကပင် ရခိုင်ပြည်သို့ ဗုဒ္ဓသာသနာတော်ရောက်ရှိပြီ ဟု သိနိုင်သည်။ လေးမြို့ခေတ်တွင်လည်း ရခိုင်ပြည်၏ ဗုဒ္ဓဘာသာသည် မူအားဖြင့် ပြောင်းလဲမှု မရှိခဲ့ပေ။ ဘုရားမပွင့်မီက ရခိုင်လူမျိုးတို့သည် နေနတ် ၊ လနတ်၊ ဗိဿနိုးနတ်၊ သီဝနတ်၊ နန္ဒိနတ်၊ မီးနတ်၊ လေနတ်၊ ရေနတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်စသော နတ်များကို ကိုးကွယ်ခဲ့ကြပြီး ဗုဒ္ဓဘာသာ သာသနာတော် ရောက်လာသော အချိန်မှ၍ ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြသော်လည်း ရှေးက ကိုးကွယ်လာခဲ့ကြသော နတ်များသည် ရိုးရာနတ်အဖြစ် တည်ရှိနေခဲ့ပေသည်။ ထို့ပြင် ဝေသာလီခေတ်သုံး ဒင်္ဂါးများ၌ နေနှင့်လတံဆိပ် ခတ်နှိပ်၍ ဗိဿနိုးနတ်ကို ကိုယ်စားပြုသော ခရုသင်း၊ သီဝနတ်ကို ကိုယ်စားပြုသော ခက်ရင်း၊ နန္ဒိနတ်ကို ကိုယ်စားပြုသော နွားလားများကို တွေ့ရသည်။ ထို့နောက် တိုင်းပြည်စောင့်နတ်၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်၊ တောတောင် မြစ်ချောင်း အင်းအိုင် ပင်လယ်သမုဒ္ဒရာစောင့်နတ်နှင့် မယူရှမ၊ မြောက်ဦးရှင်မ စသည့် ဒေသဆိုင်ရာ ကျွန်းရှင်၊ ပြည့်ရှင်၊ အိမ်ရှင်နတ်တို့ ရှိသည်ဟူသော ယုံကြည်ချက်ဖြင့် ရိုးရာဓလေ့ထုံးစံ အားလျော်စွာ နှစ်စဉ်နှစ်တိုင်း သူ့အချိန်နှင့်သူ ပူဇော် ပသလေ့ရှိကြသည်။ နတ်စင် မရှိသော ရွာများတွင် သစ်ပင်ကြီးများကို ရွှေချပြီး ပူဇော်ကြသည်။ အချို့ကမူ နတ်စင်ကို သစ်ပင်တွင် ဆောက်လုပ်ကြသည်။ နတ်ပွဲ ကျင်းပသည့်အခါ နတ်ကို ကြက်၊ ဘဲ၊ ဆိတ်၊ အရက်တို့ဖြင့် ပူဇော်သည့်အပြင် အကများပါ တွဲဖက် ပါဝင်လေ့ရှိသည်။
အုပ်ချုပ်မှုအစဉ်အလာ
ရခိုင်လူမျိုးတို့သည် မိသားစု၌ အဖကို အကြီးအကဲထား၍ အဖ၏ ဩဇာကို ခံယူကြသည်။ မိသားစုအသီးသီးမှ ပေါက်ဖွားလာ သူတို့သည်လည်း အကြီးဆုံးကို အကြီးအကဲထား၍ ဩဇာခံယူ ကြသည်။ မိသားစုများ စုရုံးနေထိုင်ကြသော ကျေးရွာများတွင်လည်း အမြော်အမြင်ကြီး၍ ဖြောင့်မတ်သူ သက်ကြီးဝါကြီးတဦးအား အကြီးအကဲ အဖြစ် တင်မြှောက်ကာ အေးချမ်းစွာ နေထိုင်ကြသည်။ ကျေးရွာများကို ခြံစည်းရိုးခတ်လျက် ကျေးရွာလုံခြုံမှုကို အားလုံး ဝိုင်းဝန်း စောင့်ရှောက်ကြသည်။ အချင်းချင်း ခိုက်ရန်ဒေါသ မဖြစ်ရေး၊ စီးပွားရေး လုပ်ငန်းများ အောင်မြင်စေရေးတို့အတွက် အချင်းချင်း စုပေါင်းလုပ်ဆောင်ကြသည်။ သာရေး နာရေး ကိစ္စများတွင်လည်း စည်းလုံးညီညွတ်စွာ လုပ်ကိုင် ဆောင်ရွက်ကြသည်။ ရွာအများကို စုပေါင်း၍ မြို့တည်ထောင်သော အခါတွင်လည်း ရွာအသီးသီးမှ လူကြီးများ တညီတညွှတ် စည်းဝေးကာ အကြီးအကဲ တဦးကိုရွေးကောက် တင်မြှောက်ကြသည်။ ရွာအားလုံးနှင့် ပတ်သက်သော ကိစ္စအဝဝကို မြို့၏အကြီးအကဲက ဆောင်ရွက်စေကာမှု ကိုယ့်ရွာနှင့်ကိုယ် အကြီး အကဲများသည်လည်း တာဝန်ရှိသည်။
ရိုးရာယဉ်ကျေးမှု
ရခိုင်လူမျိုးတို့တွင် လုပ်ငန်းဆောင်တာများကို ယောကျ်ားများက ဦးစီးလုပ်ဆောင်၍ မိန်းမ များက ကူညီဆောင်ရွက်ပေးလေ့ ရှိသည်။ ယက်ကန်းရက်ခြင်း၊ ဖျာရက်ခြင်း စသည့် လုပ်ငန်းများတွင်လည်း သားသမီးများက တတ်နိုင်သလောက် မိဘလုပ်ငန်းတွင် ဝင်ရောက် လုပ်အားပေးကြသည်။ သက်ကြီးရွယ်လွန်၊ မိအို၊ ဖအိုများကို မိမိတို့အိမ်တွင်ပင် ရိုသေလေးစားစွာ လုပ်ကိုင် ကျွေးမွေးပြုစုသည်။ လူမှုရေးကိစ္စများဖြစ်သော ရှင်ပြုမင်္ဂလာ၊ ထိမ်းမြားမင်္ဂလာနှင့် ပွဲလမ်းသဘင်များ၊ အသုဘ ကိစ္စများတွင် တစ်ရွာလုံးဝိုင်းဝန်း ကူညီလုပ်ကိုင်ကြသည်။ နေအိမ်သစ် တည်ဆောက်ခြင်း၊ အိမ်ဟောင်းဖျက်၍ အိမ်သစ်ဆောက်ခြင်းနှင့် အိမ်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်သော အခါတွင် ရွာသားအချင်းချင်း ဝိုင်းဝန်း ကူညီ လုပ်ကိုင်ပေးလေ့ ရှိပြီး အိမ်ရှင်ကလည်း အကျွေးအမွေးဖြင့် လုပ်အားပေးသူများအား ဧည့်ခံ ကျွေးမွေးလေ့ရှိသည်။ မိမိရွာမှ အသိမိတ်ဆွေများသာမက ထိုရွာအနီးမှ မိတ်ဆွေများကပါ လာရောက် ကူညီ လုပ်ကိုင်ပေးလေ့ ရှိကာ အပြန်အလှန်အားဖြင့် မိမိကို ကူညီသူများအား တစ်ဖန် ပြန်လည် ကူညီ လုပ်ကိုင်သည့် အလေ့အထရှိသည်။ ရခိုင်အမျိုးသားတို့သည် အစဉ်အလာရိုးရာဓလေ့ ထုံးစံအရ ကျင်းပပြုလုပ်လေ့ရှိသော လှေပြိုင်ပွဲ၊ ကျင်ပွဲ၊ သင်္ကြန်ရေကစားပွဲ၊ ကဆုန်ညောင်ရေသွန်းပွဲ၊ သီတင်းကျွတ် ဆွမ်းတော်ကြီး ကပ်ပွဲနှင့် တပို့တွဲရထားပွဲများကို ရွာလုံးကျွတ်၊ မြို့လုံးကျွတ် စုပေါင်းကျင်းပလေ့ရှိသည်။ ရခိုင်လူမျိုးတို့သည် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးလုပ်ငန်းကို စုပေါင်း၍ လုပ်ဆောင်လေ့ ရှိကြသည်။ တောင်ယာခုတ်ခြင်း၊ ရှင်းလင်းခြင်း၊ မီးရှို့ခြင်း၊ ကောက်စိုက်ခြင်း၊ ကောက်ရိတ်ခြင်း စသည့် စိုက်ပျိုးရေးလုပ်ငန်းများကို မိမိတို့ရွာသားအချင်းချင်း တပျော်တပါး ဝိုင်းဝန်းကူညီ ဆောင်ရွက်လေ့ရှိသည်။ ရခိုင်လူမျိုးတို့၏ စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်သော ငါးဖမ်းလုပ်ငန်းတွင် သုံးဦး၊ လေးဦး စုပေါင်းကာ ဖမ်း၍ရသမျှသော ငါးများကို ရောင်းချပြီး ဝေယူလေ့ရှိသည်။ ဝါး၊ ဓနိခုတ်ရာတွင်လည်း အဖွဲ့ငယ်ကလေးများဖွဲ့၍ ခုတ်လေ့ရှိသည်။ လှေခုတ်ရာတွင်လည်း စုပေါင်း၍ ခုတ်လေ့ရှိသည်။ ရခိုင်လူမျိုးတို့၏ လူမှုရေးအဖွဲ့အစည်းတွင် မိသားစုသည် အလွန်အရေးပါသည်။ လူမှုရေး ကိစ္စများတွင် မိသားစုက ဝိုင်းဝန်းကူညီ လုပ်ကိုင်ဆောင်ရွက်ကြသည်။ ရခိုင်လူမျိုးတို့၏ မိသားစု ဆက်ဆံရေးတွင် ဖခင်ဖြစ်သူသည် အိမ်ထောင်အကြီးအကဲ ဖြစ်သည်။ ဖခင်ဦးစီးသော မိသားစု ဆက်ဆံရေး ဖြစ်သည်။ ဖခင်၏ အုပ်ထိန်းမှုအောက်တွင် တစ်စုတဝေးတည်း နေလေ့ရှိသည်။ သို့သော် သားသမီးများ လက်ထပ်ပြီးသောအခါ မိဘများနှင့်အတူ နေသည့်အခါ ရှိသလို သီးခြား အိမ်ခွဲနေသည်လည်း ရှိသည်။ ထို့ကြောင့် တစ်အိမ်ထောင်တွင် မိသားစုတစ်စု သို့မဟုတ် နှစ်စု စသည်ဖြင့် နေထိုင်ကြသည်။ ဖခင်သည် အိမ်ထောင်ဦးစီးဖြစ်သဖြင့် သားသမီးများအပေါ်တွင် သြဇာလွှမ်းမိုးသည်။ မိသားစု ၏ စီးပွားရေး၊ လူမှုရေးကိစ္စများတွင် ဖခင်သည် တာဝန်ယူ၍ စီမံခန့်ခွဲရသည်။ သြဇာအရှိဆုံးသော ဖခင်ကို မိခင်နှင့်တကွ သားသမီးများက ချစ်ကြောက်ရိုသေကြရသည်။ သားသမီးတို့၏ အိမ်ထောင်ရေးကို ဖခင်၊ မိခင်တို့က စုံစမ်းစစ်ဆေးပြီး ဆုံးဖြတ်ပေးလေ့ ရှိသည်။ အိမ်ထောင်ခွဲ သားသမီးတို့ကလည်း မိဘနှင့် ခွဲ၍ မိမိတို့၏အိမ်ဖြင့် သီးခြားနေထိုင်ကြသော်လည်း မိဘများကို အတူတူနေစဉ်ကကဲ့သို့ပင် ရိုသေလေးစားကြသည်။ အစ်ကိုကြီး အဖအရာ အစ်မကြီးအမိအရာ ဆိုသည့်အတိုင်း မိဘသေဆုံးလျှင် အစ်ကိုကြီး ဖြစ်သူသည် လည်းကောင်း၊ အစ်မကြီးဖြစ်သူသည်လည်းကောင်း အိမ်ထောင်ဦးစီး ဖြစ်လာခဲ့သည်။ အိမ်ထောင်ကို ဆက်လက် ဦးစီး၍ ညီ၊ ညီမငယ်များကို ကြီးပြင်းသည်အထိ ပြုစု ထိန်းကျောင်းသွားရန် တာဝန်ယူရသည်။ အချို့အိမ်ထောင်စုများတွင် သေဆုံးသွားသူ ဖခင်၏ ညီ သို့မဟုတ် မိခင်၏ ညီမကလည်း ကြည့်ရှုရသည်။ ရခိုင်လူမျိုးတို့၏ မိသားစုဆက်ဆံရေးတွင် စည်းကမ်းတစ်ခု ထူးခြားစွာ ရှိပြန်သည်။ ယင်းမှာ တူနှင့် ဦးကြီးတို့ ဆက်ဆံရေးပင်ဖြစ်သည်။ အရွယ်ရောက်ပြီးသော တူရှိသည့် နေရာသို့ ဦးကြီးက သွားလေ့မရှိပေ။ ထို့နည်းတူ ဦးကြီးရှိသည့် နေရာသို့လည်း အရွယ်ရောက်ပြီးသူ တူက သွားလာမှုကို ရှောင်ကြဉ်သည်။ တူနှင့်ဦးကြီး နှစ်ဦးသည် ဝန်စည်စလယ်များကို ထမ်းဆောင်ရန် တာဝန်ကျသော်လည်း ထမ်းပိုးကို တစ်ဖက်တစ်ယောက် မထမ်းရပေ။ တူနှင့် ဦးကြီးမှာ သမီးယောက်ခမ တော်စပ်သဖြင့် လေးစား ရိုသေသည့် သဘောအရ ရှောင်ကြဉ်လေ့ ရှိသည်။ မရီးနှင့်မတ်၊ ခဲအိုနှင့် ခယ်မတို့ ကြမ်းတစ်ပြေးတည်း မထိုင်၊ နီးကပ်စွာ မထိုင်၊ လက်ကမ်း အပေးအယူ မပြုသည့်အပြင် ရေနစ်နေသည့်တိုင် မဆယ်ရဟု ဆိုစမှတ် ရှိလေသည်။ ရခိုင်လူမျိုးတို့သည် မိမိတို့အမျိုးအနွယ်ကို စောင့်ထိန်း၍ မျိုးကွဲများနှင့် အိမ်ထောင်ပြုသော အလေ့အထ အလွန်နည်းသည့်အတွက် ရခိုင်လူမျိုး အချင်းချင်းသည် သွေးသားတော်စပ်သူများသာ ဖြစ်သည်။ အစ်ကို၊ သို့မဟုတ် မောင်၏ သားအရင်းဖြစ်စေ၊ သမီး အရင်းဖြစ်စေ၊ အမ သို့မဟုတ် နှမမှ မွေးသော သမီးရင်းဖြစ်စေ၊ သားရင်းဖြစ်စေ ၎င်းတို့ အချင်းချင်း သမီးမြောက်သား တော်စပ်ကြသည်။ သို့သော် ညီအစ်ကိုချင်း၊ ညီအစ်မချင်းမှ မွေးသော သားသမီးတို့သည် မောင်နှမ တစ်ဝမ်းကွဲ (Parallel Cousin) ပင် တော်စပ်ကြသော်လည်း သမီးမြောက်သား မတော်စပ်သဖြင့် ၎င်းတို့မှာ လက်ထပ်၍ မရနိုင်ပေ။ တစ်နည်းအားဖြင့် မောင်နှမတစ်ဝမ်းကွဲချင်း (Cross Cousin) ဖြစ်ပါက လက်ထပ်နိုင်သည်။ ညီအစ်ကိုချင်း၊ ညီအစ်မချင်းက မွေးသော သားသမီးများ (Parallel Cousin) တို့မှာ သမီးမြောက်သား မတော်စပ်သောကြောင့် လက်မထပ်နိုင်ပေ။ ရခိုင်လူမျိုးတို့၏ ဓလေ့ထုံးစံအရ ကိုယ်ဝန်ဆောင်အမျိုးသမီးသည် မင်္ဂလာဆောင်သို့ သွားလေ့ မရှိ၊ လက်ဖွဲ့လေ့မရှိပေ။ မွေ့ရာခေါင်းအုံးတို့ကို ချုပ်ရာတွင်လည်း အပေါက်မပိတ်ရပေ။ ညမိုးချုပ်လျှင် အပြင်မထွက်ရ၊ မြစ်ကူးချောင်းဖျားမသွားရ၊ အသုဘမသွားရ၊ အသုဘကူငွေမထည့်ရ၊ သစ်ပင်မစိုက်ရ၊ အိမ်၏အဝင်ဝတွင် ပိတ်၍မထိုင်ရ၊ လှေကားရင်းတွင်လည်းမထိုင်ရ ဟူသော ရှေးလူကြီးသူမများ ပြောသောစကားကို လိုက်နာလေ့ရှိကြသည်။ ညဘက်တွင်လည်း ရေချိုးလေ့ မရှိ၊ ငှက်ပျောအမွှာပူး၊ အဖျားနှစ်ခွ ရှိသော ကွမ်းရွက်၊ ဟင်းရွက်စိမ်းနှင့် မှို၊ မျှစ်တို့ကိုလည်း စားရန် ရှောင်လေ့ ရှိကြသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ခင်ပွန်းသည်ကမူ အသုဘ မထမ်းရ၊ ဓားလက်နက် မဝယ်ရပေ။ မီးဖွားရန် ခဲယဉ်းနေပါက ပရိတ်ရေ သောက်ခြင်း၊ အမိုးလက်ဆံ (အိမ်မိုးဓနိရွက်) ကိုယူ၍ နငယ်နကွင်းပိတ်အက္ခရာ ရေးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ဆံထုံးတွင် စောက်ထိုး စိုက်ပေးခြင်းများ ပြုလုပ်ကြသည်။ ထိုအမျိုးသမီး၏ သေတ္တာ၊ တံခါးပေါက်၊ ရေအိုးဖုံးများကို ဖွင့်ထားလေ့ ရှိသည်။ သားဦး ယောက်ျားလေး မွေးဖွားလျှင် ဆီးခက်များကို အိမ်လေးထောင့်၌ ချက်ချင်း ချိတ်ဆွဲလေ့ ရှိကြသည်။ မိစ္ဆာများ နှောင့်ယှက်မှု မပြုနိုင်ရန် ဟူသော အယူဖြင့် အိမ်တွင်း၌ ဩဇာရွက်များကို ထိုးထားရသည်။ မီးယပ်ဖုတ်ခေါ် မိစ္ဆာက ဖမ်းစားတတ်သည် ဟု အယူရှိ၍ မီးနေခန်းအတွင်း၌ မီးမပြတ်ထားကာ မီးနေစောင့်ကြသည်။ မီးနေသည် သွေးလန့်မည် စိုး၍ ဆွေမျိုးသားချင်းများနှင့် အိမ်နီးချင်း မိတ်ဆွေများက အလည့်ကျ မီးနေအိမ်တွင် ညဉ့်အိပ်ညဉ့်နေ လာရောက် စောင့်ရှောက်ကြရသည်။ မီးနေစောင့်ရင်း တပျော်တပါး ချက်ပြုတ် စားသောက်လေ့ ရှိကြသည်။ မီးနေခန်းသို့ မည်သည့်ယောကျ်ားမျှ မဝင်ရ၊ ဘုန်းနိမ့်တတ်သည်ဟု အယူရှိသည်။ မီးနေဝင်၍ သုံးရက်မြောက်လျှင် မီးဖိုရှိ မီးဟောင်း ပြာဟောင်းများကိုလဲ၍ မီးသစ် ထင်းသစ် ထားရသည်။ အထူးသဖြင့် မီးနေသည်၏ လက်နှင့် ပျားရည် ထိမိလျှင် ကိုယ်မကောင်းဖြစ်တတ် သည်ဟု အယူရှိ၍ ၆ လ အထိ လက်ဖြင့် မတို့ မထိကြပေ။ ကလေးကို အခြားသူများက ပျားရည် တိုက်လေ့ရှိသည်။ တစ်လကြာမှ ခေါင်းလျှော်လေ့ရှိသည်။ သားဦးဖြစ်လျှင် ၇ ရက်၊ နောက်သားများတွင် ၃ ရက် သို့မဟုတ် ၅ ရက်ကြာလျှင် မီးဖွားစဉ်က သုံးခဲ့သော အသုံးအဆောင်များနှင့် မီးဟောင်းများကို စွန့်ပစ်ခြင်းကို ပြုလုပ်၍ ယင်းကို မီးပစ်သည်ဟု ခေါ်ကြသည်။ မီးပစ်ချိန်တွင် တစ်အိမ်လုံးကို စပါးစေ့များ ပစ်ကြဲ၍ စလူခက်ဖြင့် ရိုက်လျက် နာနာဘာဝများကို နှင်ထုတ်လေ့ရှိသည်။ ထိုနေ့တွင် ကလေးခေါင်းကို စတိရိတ်ကာ တရော်ကင်ပွန်းဖြင့် တို့ပေး (ကင်ပွန်းကိုင်ပေး) ကြသည်။ မီးထွက်သည့်နေ့မှာပင် ဆွေမျိုး မိတ်သင်္ဂဟများကို နေအိမ်သို့ ဖိတ်၍ ဧည့်ခံ ကျွေးမွေးပြီး ကလေးကို အမည်ပေး ကင်ပွန်းတပ်လေ့ ရှိသည်။ ဆန်ကောတစ်ချပ်တွင် ကင်ပွန်းသီး၊ ဆီနှင့် နနွင်းနယ်၍ ထည့်ထားပြီး ဆန် လက်တစ်ဆုပ်၊ ကျောက်ခဲ တစ်လုံးနှင့် သံတစ်ချောင်းပါ ထည့်ထား၍ ကလေး လာကြည့်သူများက ဆန်ကောထဲမှ ကင်ပွန်းကိုထည့်၍ ကလေးအား ကျန်းမာပါစေ၊ သံလိုမာပါစေ၊ ဆန်ရေစပါးပေါပေါများများဖြင့် ချမ်းသာပါစေဟု ဆုတောင်းပေးကြခြင်း ဖြစ်သည်။ ထို့ပြင် ပုခက်တင် မင်္ဂလာပြုသည့် သဘောဖြင့် ကလေးကို ပုခက်ထဲတွင် သိပ်ကာ မြတ်စွာဘုရား၏ ဂုဏ်တော်ကို ရွတ်လျက် ပုခက်လွဲလျက် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အသက်ရှည်ပါစေဟု ကလေးအတွက် ဆုတောင်းမေတ္တာ ပို့ကြသည်။ ရခိုင်ရိုးရာဓလေ့အရ လူပျိုလှည့်သည့် အစဉ်အလာ ထုံးစံအမျိုးအမျိုး ရှိကာ ထိုသို့ လူပျို လှည့်ရာတွင် အရပ်စကားဖြင့် လူပျိုလှည့်ခြင်းနှင့် ဇမ်းစကားဖြင့် လူပျိုလှည့်ခြင်းဟူ၍ နှစ်မျိုး ရှိသည်။ အရပ်စကားဖြင့် လူပျိုလှည့်ခြင်းမှာ သူတစ်ပါးထံတွင် သင်ယူရန်မလိုသဖြင့် လွယ်ကူ၍ ရမ်းဗြဲနယ်တွင်ကား အရပ်စကားဖြင့် လူပျိုလှည့်ရိုး ထုံးစံမရှိဘဲ ဇမ်းစကားကို တတ်အောင်သင်ပြီးမှ လူပျိုလှည့်ကြရသည်။ အားလပ်ချိန်များတွင် ကလေးတို့ဘဝ တီထိုးတန်း၊ မှိုင်ချေထိုးတန်း၊ ဒူထိုးတန်း၊ ဝါးလုံးကျော်တန်း၊ သူလာငါစီးတီးတန်းနှင့် ခတ်ကျောက်သီးကစားနည်း စသည့် ရိုးရာကစားနည်း များကို ကစားလေ့ရှိကြသည်။ ရိုးရာရှင်ပြုပွဲ၊ သင်္ကြန်ပွဲ၊ ကျင်ကိုင်ပွဲနှင့် ရထားဆွဲပွဲများမှာ ထင်ရှားသော တစ်မူထူးခြားသည့် ဓလေ့များနှင့် ကျင်းပသည့် ရိုးရာအစဉ်အလာပွဲများ ဖြစ်ကြသည်။
ရခိုင်ပြည်နယ်နေ့
၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့သည်။ ထို့နောက် ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရခိုင်ပြည်နယ် ဖြစ်ပေါ်လာခဲ့ပြီး ရခိုင်ပြည်သူများ ဂုဏ်ယူ ဝင့်ထည်စွာ ရပ်တည်လာခဲ့ကြသည်။ ထိုစဉ်က ရခိုင်ပြည်နယ်၏ အစိုးရဖြစ်သော ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုနိုင်ရေး အတွက် ပြည်သူတစ်ရပ်လုံး တစ်ခဲနက် ဆန္ဒပြုခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၇၅ ခုနှစ်မှ စတင်၍ ရခိုင်ပြည်နယ်နေ့အဖြစ် ကျင်းပလာခဲ့ကြပေသည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂလားပင်လယ်အော်တစ်လျှောက် ကမ်းရိုးတန်းရှည် တည်ရှိသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏အကောင်းဆုံးကမ်းခြေများထဲမှ တစ်ခုဖြစ်ပါသည်။ ထိုအထဲတွင် အထင်ရှားဆုံးသည် အာရှရှိ အလှဆုံးကမ်းခြေများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ငပလီကမ်းခြေဖြစ်သည်။ ငပလီကမ်းခြေသည် သူ၏စိမ်းပြာရောင်ေ တာက်ပသောရေနှင့် နူးညံ့သော အဖြူရောင်သဲပွင့်များကြောင့် အပန်းဖြေအနားယူရန် အကောင်းဆုံးနေရာတစ်ခုြ ဖစ်ပေသည်။ ကမ်းရိုးတမ်းတစ်လျှောက်တွင်တည်ရှိသော ထန်းပင်များတည်ရှိသည့် ငပလီသည် ယခုချိန်ထိတိုင် လူဦးရေသိပ်မထူထပ်ခြင်း သဘာဝအလှတရားများ မပျက်မစီးသေးဘဲ တည်ရှိနေခြင်းက ခရီးသွားလာသူများ၏ အကြိုက်ဆုံးအကြောင်းအရာတစ်ချက် ဖြစ်စေသည်။ ငပလီ ကမ်းခြေနှင့် ကီလိုမီတာ ၁၀၀အကွာတွင်တည်ရှိသော ကန်သာယာကမ်းခြေသည်လည်း တိတ်ဆိတ်ငြိမ်သက်ပီး အေးချမ်းသော ကမ်းခြေတစ်ခုဖြစ်လေသည်။ ထိုနေရာတွင် ခရီးသွား လာသူများသည် သဘာဝ၏ အလှတရားကို ကောင်းစွာခံစားနိုင်သည်။ ရခိုင်ပြည်နယ်သို့ လာရောက်လည်ပတ် နေသူများသည် ရှေးဟောင်းရခိုင်လူမျိုးများနှင့် မြန်မာလူမျိုးများအခြေချေ နထိုင်ခဲ့သောမာန်အောင်ကျွန်းကိုလည်း သွားရောက်လည်ပတ်နိုင်ပါသည်။ ထိုနေရာသည် မြန်မာနိုင်ငံတွင် အစောဆုံးရှာဖွေတွေရှိခဲ့သော နေရာများထဲမှ တစ်ခုအပါအဝင်ဖြစ်လေသည်။ အခြားသွားရောက်လည်ပတ်သင့်သည် ကျွန်းမှာ စစ်တွေ၏ တောင်ဘက် ၅ကီလိုမီတာ အကွာတွင်တည်ရှိသော မြေငု ကျွန်းဖြစ်သည်။ ထိုကျွန်းကို ကုန်းမြေထုကမ်းခြေ မှ ၂မီတာအကွာရှိသော ရေလက်ကြားတစ်ခုက ပိုင်းခြားထားသည်။
လည်ပတ်သင့်သော ကမ်းခြေ (၂) ခု
![]() |
ငပလီကမ်းခြေ ရခိုင်ပြည်နယ်တွင် ဘင်္ဂလားပင်လယ်အော်တစ်လျှောက် ကမ်းရိုးတန်းရှည် တည်ရှိသည်။ ထို့ကြောင့် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏အကောင်းဆုံးကမ်းခြေများထဲမှ တစ်ခုဖြစ်ပါသည်။ ထိုအထဲတွင် အထင်ရှားဆုံးသည် အာရှရှိ အလှဆုံးကမ်းခြေများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ငပလီကမ်းခြေဖြစ်သည်။ ငပလီကမ်းခြေသည် သူ၏စိမ်းပြာရောင် တောက်ပသောရေနှင့် နူးညံ့သော အဖြူရောင်သဲပွင့်များကြောင့် အပန်းဖြေအနားယူရန် အကောင်းဆုံးနေရာတစ်ခုဖြစ်ပေသည်။ ကမ်းရိုးတမ်းတစ်လျှောက်တွင်တည်ရှိသော ထန်းပင်များတည်ရှိသည့် ငပလီသည် ယခုချိန်ထိတိုင် လူဦးရေသိပ်မထူထပ်ခြင်း သဘာဝအလှတရားများ မပျက်မစီးသေးဘဲ တည်ရှိနေခြင်းက ခရီးသွားလာသူများ၏ အကြိုက်ဆုံးအကြောင်းအရာတစ်ချက် ဖြစ်စေသည်။ ငပလီ ကမ်းခြေနှင့် ကီလိုမီတာ ၁၀၀အကွာတွင်တည်ရှိသော ကန်သာယာကမ်းခြေသည်လည်း တိတ်ဆိတ်ငြိမ်သက်ပီး အေးချမ်းသော ကမ်းခြေတစ်ခုဖြစ်လေသည်။ ထိုနေရာတွင် ခရီးသွား လာသူများသည် သဘာဝ၏ အလှတရားကို ကောင်းစွာခံစားနိုင်သည်။ ရခိုင်ပြည်နယ်သို့ လာရောက်လည်ပတ် နေသူများသည် ရှေးဟောင်းရခိုင်လူမျိုးများနှင့် မြန်မာလူမျိုးများအခြေချေ နထိုင်ခဲ့သောမာန်အောင်ကျွန်းကိုလည်း သွားရောက်လည်ပတ်နိုင်ပါသည်။ ထိုနေရာသည် မြန်မာနိုင်ငံတွင် အစောဆုံးရှာဖွေတွေရှိခဲ့သော နေရာများထဲမှ တစ်ခုအပါအဝင်ဖြစ်လေသည်။ အခြားသွားရောက်လည်ပတ်သင့်သည် ကျွန်းမှာ စစ်တွေ၏ တောင်ဘက် ၅ကီလိုမီတာ အကွာတွင်တည်ရှိသော မြေငု ကျွန်းဖြစ်သည်။ ထိုကျွန်းကို ကုန်းမြေထုကမ်းခြေ မှ ၂မီတာအကွာရှိသော ရေလက်ကြားတစ်ခုက ပိုင်းခြားထားသည်။ |
![]() |
ကမ်းသာယာကမ်းခြေ ကမ်းသာယာကမ်းခြေသည်ရခိုင်ပြည်နယ်ရှိ သာယာလှပသော ကမ်းခြေများထဲမှ တစ်ခုဖြစ်ပါသည်။ ”ကမ်းသာယာ”ဆိုသည်မှာ ”မြန်မာနိုင်ငံရှိသာယာသောကမ်းခြေ”ဟုဆိုလိုပြီး ၂ကီလိုမီတာ ခန့် ရှည်လျားပါသည်။ ကမ်းသာယာကမ်းခြေ၏ ထူးခြားချက် များမှာ အပြာရောင်ပင်လယ်ရေ၊ငွေရောင်သဲများပြန့်ကျဲနေသော ကမ်းခြေ၊(၈၀၀၀)ကိုက်ခန့်ရှည်လျားသည့်ကမ်းခြေတစ်လျှောက် ညီညာစွာပေါက်ရောက်နေသော စိမ်းစိုညို့မှိုင်းသည့် အုန်းပင် အစုလေးများ၊ များပြားသောကျောက်ပြားများေ ကျာက်တုံးများြ ဖစ်ပါသည်။ ပင်လယ်ရေအောက်ကျောက်တုံးများ၊ ပင်လယ်ေ ကျာက်ဆောင်များသည် ကမ်းခြေအတွက်သဘာဝကပေးသော ခြံစည်းရိုးသဖွယ်ဖြစ်နေသောကြောင့်ငါးမျှားခြင်းကိုကြိုက်နှစ်သက်သော သူများအနေဖြင့် လုံခြုံစိတ်ချစွာငါးမျှားနိုင်ပါသည်။ ထို့ပြင် ကမ်းခြေတစ်လျှောက်တွင်လည်း လာရောက်လည်ပတ်သူ များအား ကူညီရန်အစောင့်များချထားပါသည်။ |
လှပသော တောင်တန်းရှုခင်းများရှိသည့် ရခိုင်သည် များပြားလှစွာသော ဘုရားများ စေတီပုထိုး များတည်ရှိရာ နေရာတစ်ခုဖြစ်လေသည်။ ထိုအထဲတွင် မြန်မာနိုင်ငံအနောက်ပိုင်းတွင် ရှေးဟောင်း သုတေသနနယ်မြေဖြစ်သည့် မြောက်ဦးသည် ထင်ရှားကျော်ကြားသည်။ မြောက်ဦး မြို့သည် ရာစုနှစ်များမရေတွက်နိုင်သော အထိမ်းအမှတ်အဆောက်အဦးဟောင်းများရှိသည့် မြို့ငယ်လေးြ ဖစ်သည်။ ရှေးဟောင်းသုတေသနဆိုင်ရာနယ်မြေသည် ၁၅ရာစုမှ ၁၈ ရာစုနှစ်အတွင်း တည်ဆောက်ခဲ့သော အိမ်ရာများ၊ ဘုရားများ၊ ပုထိုးတော်များ၊ ပျက်စီးယိုယွင်းနေသော ရှေးဟောင်းနန်းတော်ကြီးများ နှင့် ပြည့်နှက်နေပါသည်။ ကိုးသောင်းပုထိုးတော်ကြီးသည် အေဒီ ၁၅၅၄ နှင့် ၁၅၅၆ ကြားတွင် ဘုရင်ဒုက္ခ တည်ဆောက်ခဲ့သည့် မြောက်ဦးတွင် အကြီးဆုံး ပုထိုးတော်ကြီး ဖြစ်ပေသည်။ အထင်ရှား အပေါ်လွင်ဆုံးဖြစ်သည့် အထိမ်းအမှတ် အဆောက် အဦးများထဲမှ တစ်ခုမှာ ရှစ်သောင်းပုထိုးတော်ကြီး ဖြစ်သည်။ ရှစ်သောင်းပုထိုးတော်ကြီး ကို ဘုရားဆူပေါင်း ၈၀၀၀၀ ရှိသည့် ဘုရားကျောင်း သို့မဟုတ် အောင်မြင်ခြင်းဘုရားဟုလည်း သိကြသည်။ မြောက်ဦးရှိ အခြားထင်ရှားကျော်ကြားသောဘုရားမှာ လေးမျက်နှာဘုရားဖြစ်ပါသည်။ ထိုဘုရားသည် ရှစ်သောင်းပုထိုးတော်ကြီး၏ အနောက်မြောက်ဘက်တွင် တည်ရှိပါသည်။ ထိုဘုရားတွင် ဘုရားဆင်းတုတော်ရှစ်ဆူနှင့် ဝင်ပေါက်လေးခုရှိပါသည်။
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ တစ်ချက်ကြည့်လိုက်ရုံဖြင့် ရင်သပ်ရှုမောဖွယ်ကောင်းသော ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်ကို ပိုင်ဆိုင်ထားပါသည်။ စစ်တွေမြို့သည် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်ပါသည်။ စစ်တွေမြို့သည် ကုလားတန်၊ မေယု နှင့် လေမိုဖြစ်များပေါင်းဆုံရာ မြစ်ဝ ကွျှန်းပေါ်တွင် တည်ရှိပါသည်။ စစ်တွေမြို့သည် ကုလားတန်မြစ်ဝနှင့် ဘင်္ဂလားပင်လယ်အော်တို့၏ သာယာလှပသောရှုခင်းများကို ကြည့်ရှုနိုင်သည့် နေရာတစ်ခုလည်း ဖြစ်သည့်အပြင် စစ်တွေမြို့ သည် အရေးကြီးသော ဘုရားများ ပုထိုးတော်ကြီးများ မြောက်မြားစွာရှိသော မြို့တစ်မြို့လည်း ဖြစ်ပါသည်။ ရွေစေတီဘုန်းကြီးကျောင်းတိုက်သည် နှစ်ပေါင်းရာကျော်သက်တမ်းရှိသော ဗိသုကာ လက်ရာမြောက်သည့် ဘုန်းကြီးကျောင်းတစ်ကျောင်းတိုက်ဖြစ်ပါသည်။ စစ်တွေဘုရားကြီးသည် စစ်တွေမြို့ ဘုရားသာသနာနယ်မြေ၏ အချက်အချာအဖြစ် သတ်မှတ်နိုင်သည့် ထင်ရှားေ ကျာ်ကြားသော ကျောင်းတိုက်တစ်ခုဖြစ်ပါသည်။ လောကနန္ဒဘုရားသည် စစ်တွေမြို့တွင်အကြီးဆုံး ဘုရားတစ်ဆူဖြစ်ပါသည်။ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အဓိကကျသော တိုင်းရင်းသား လူမျိုးစုများဖြစ်သည့် ရခိုင်လူမျိုးများ၏ ဇာတိဖြစ်သည် ။ ရခိုင်ပြည်နယ်ရှိလူဦးရေသည် မြန်မာနိုင်ငံ လူဦးရေ၏ ၅%ရှိသည် ။ ရခိုင်လူမျိုးများသည် အဓိကအားဖြင့် ထေရဝါဒဗုဒ္ဓဘာသာကိုကိုးကွယ် ကြပီး မြန်မာ့ယဉ်ကျေးမှုနှင့်ဆင်တူသည့် ယဉ်ကျေးမှုတစ်ခုကို ကျင့်သုံးသည်။
ထင်ရှားကျော်ကြားသောနေရာများ
မြောက်ဦးမြို့ |
ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့ |
လေးမျက်နှာဘုရား (မြောက်ဦးမြို့) |
ကိုးသောင်းပုထိုးတော်ကြီး (မြောက်ဦးမြို့) |
ထုက္ကံသိမ်ဘုရား (မြောက်ဦးမြို့) |
သျှစ်သောင်းပုထိုးတော်ကြီး (မြောက်ဦးမြို့) |