Main menu

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၂၀၂၂ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၄

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၂၀၂၂ ခုနှစ်၊ (၁၂) ကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ(၂) နေပြည်တော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ တက်ရောက်၍ ကထိန်သင်္ကန်း နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပါသည်။

          အခမ်းအနားသို့ ဥတ္တရသီရိမြို့နယ် လေးကျွန်းမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော်အမှူးပြုသည့် သံဃာတော် ၅ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/အမှုထမ်းများတက်ရောက်ကြပါသည်။

          ယင်းနောက်အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ နှင့်အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့သည် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဇျာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြပါသည်။

          ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆရာတော် များထံသို့ ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြပါသည်။

          ယင်းနောက်အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။ အခမ်းအနားအပြီးတွင် ဆရာတော် သံဃာတော်များအား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပါသည်။

          ယနေ့ကျင်းပပြုလုပ်သည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၂၀၂၂ခုနှစ် (၁၂) ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင် ပဒေသာပင် (၃) ခု နှင့် စုစုပေါင်းလှူဒါန်းမှုမှာ တန်ဖိုးငွေကျပ် ၂၉၇၁၈၀ဝိ/- (ကျပ်နှစ်ဆယ့်ကိုးသိန်းခုနှစ်သောင်းတစ်ထောင့်ရှစ်ရာတိတိ) ဖြစ်ပါသည်။