Main menu

၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ စိစစ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

နေပြည်တော် နိုဝင်ဘာလ ၂

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့၌ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်ဦးစီး၍ Video Conferencing စနစ်ဖြင့် ကျင်းပသည့် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ စိစစ်ခြင်းဆိုင်ရာညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးသာဌေး ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာန များနှင့် နေပြည်တော်ကောင်စီတို့မှ အဖွဲ့အစည်းအကြီးအမှူးများက Online ဖြင့် တက်ရောက်ခဲ့ကြ ပါသည်။