အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ပိုစတာ၊ ဗီဒီယို နှင့် စာစီစာ ကုံးပြိုင်ပွဲကို “အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” (Together against Corruption) ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်နိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဦးဆောင်၍ စီစဉ်ထားရှိပါကြောင်း၊ ယင်းပြိုင်ပွဲတွင် အသက် (၁၄)နှစ်မှ (၃၅)နှစ်အတွင်း (တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်)လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ရေး စီစဉ်ထားရှိပြီး အရည်အချင်းသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် လူငယ်များဝင်ရောက် ယှဉ်ပြိုင်နိုင်ပါကြောင်း၊ အသေးစိတ်သိရှိလိုပါက ပူးတွဲပါ ဖိတ်ခေါ်စာအား Download ရယူ၍ လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ www.accm.gov.mm/acc သို့ လည်းကောင်း ဝင်ရောက်လေ့လာနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။