အောက်တိုဘာလ ၂၇ ရက် နေပြည်တော်

၁။ နှစ်စဉ်ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ကန်တော့ခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ ၁၃:၁၅ မိနစ်အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် အရာထမ်း၊ အမှုထမ်းများက မြန်မာ့ရိုးရာအစဉ်အလာအတိုင်း ဂါရဝပြုကန်တော့ ကြပါသည်။
၂။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ စုပေါင်း၍ ဤရုံးရှိ အရာထမ်း၊ အမှုထမ်းများအားလုံးကို နံနက်စာနို့စိမ်းခေါက်ဆွဲဖြင့် ပြန်လည်ဧည့်ခံကျွေးမွေးခဲ့ပါသည်။
![]() |