 1.jpg?itok=57F518Ap)
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၉-၁၁-၂၀၂၃ ရက်နေ့၊ နံနက် ဝ၉:၃၀ နာရီအချိန်တွင် သုတေသနစာတမ်းများဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ် ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေကျော့မှူးနှင့် ဒုတိယဦးစီးမှူး ဒေါ်ဟေမာသိန်းတို့က “တောင်ကိုရီးယားသမ္မတနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး (ပုံစံပြောင်းဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရာတွင် တွေ့ကြုံရသည့်ပြဿနာများအကြောင်း)အား လေ့လာတင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ခိုင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ခင်မွန်ဌေးတို့က“ပြည်ထောင်စုမြန်မာနိုင်ငံ၊ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့သည့် ၁၉၅၈ ခုနှစ်၊ လွှဲအပ်မှုအမှတ် ၂ အားလေ့လာတင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း အသီးသီး ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်း၊ စာတမ်း ကြီးကြပ်သူများဖြစ်ကြသော ခုံရုံးအဖွဲ့ဝင် ဒေါက်တာမာလာအောင်နှင့် ခုံရုံးအဖွဲ့ဝင် ဒေါ်နန်းစန္ဒာစမ်းတို့က သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။
![]() |
![]() |