နှစ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေး

နေပြည်တော်၊၂၀၁၆ခုနှစ်၊ဧပြီလ ၂၉ရက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်သည် မြန်မာနိုင်ငံဆိုင်ရာ မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီး မစ္စတာ တက်စ်ဘီလ်ဂူအန်းတူမာကူလာဒ် အား (၂၉.၄.၂၀၁၆) ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ငန်းတာဝန်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ခုံရုံးအဖွဲ့ဝင်များဖြစ်ကြသော ဦးတွာလ်ကျင်ပေါင်၊ ဦးကျော်ဆန်း၊ ညွှန်ကြားရေး မှူးချုပ်နှင့် ရုံးအဖွဲ့မှူးတို့ တက်ရောက်ကြသည်။