နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး (၁၀)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား
နေပြည်တော် ၂၀၂၁ မတ် ၃၀
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး တည်ထောင်ခြင်း (၁၀)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ၃၀-၃-၂၀၂၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးခန်းအမှတ်(၂)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံးရုံး ဥက္ကဋ္ဌ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး သင်တန်းများတွင်ထူးချွန်ဆုရရှိခဲ့သောဝန်ထမ်းများနှင့်၂၀၂၀ ခုနှစ် အတွင်း ရုံးတက်ရောက်ရန် ပျက်ကွက်မှုမရှိသော ဝန်ထမ်းများအား ရုံးတက်မှန်ဆုများနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခြင်းနှင့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် စားသောက်ကုန်ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ကြက်သွန်နီ နှင့် ကြက်ဥများကို ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ခုံရုံး၏ (၁၀)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ခုံရုံး ဥက္ကဋ္ဌ ၊ အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။