နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ
နေပြည်တော်၊ ၂၀၂၄ ဇူလိုင် ၁၀
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးအနီး သတ်မှတ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်စိုက်ပျိုးကြသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သတ်မှတ်နေရာများ၌ ကျွန်းပင်များကို ဦးဆောင် စိုက်ပျိုးပေးကြပြီး အရာထမ်း၊ အမှုထမ်းများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးကြသည်။
ယနေ့ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင် (၂၀၀) ပင်ကို စိုက်ပျိုးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။