နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအမြဲတမ်းအတွင်းဝန် အာရှဒေသဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (AACC) ၏ အထွေထွေအတွင်းရေးမှူးချုပ်များအစည်းအဝေးသို့ Online မှတစ်ဆင့် တက်ရောက်

နေပြည်တော် ၂၀၂၄ စက်တင်ဘာလ ၅
ထိုင်းဘုရင့်နိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးနှင့် အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးတို့က ပူးပေါင်းကျင်းပသည့် AACC အသင်းကြီး၏ အထွေထွေအတွင်းရေးမှူးချုပ်များအစည်းအဝေးသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး အမြဲတမ်းအတွင်းဝန် ဦးလှဌေးသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် နေ့လယ် ၁၂ နာရီခွဲတွင် Online မှတစ်ဆင့် တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် AACC အသင်းကြီး၏ လက်ရှိဥက္ကဋ္ဌ တာဝန်ထမ်းဆောင်လျက်ရှိ သည့် ထိုင်းဘုရင့်နိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ထိုင်းဘုရင့်နိုင်ငံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက AACC အသင်းဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မှုကာလအတွင်း ဆောင်ရွက်မှုများအား တင်ပြ ဆွေးနွေးခဲ့သည်။ ထို့နောက် AACC အသင်းကြီး၏ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံးများဖြစ်ကြ သော စီမံကိန်းနှင့်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်လေ့ကျင့်ရေးစင်တာ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံးတို့၏ ဆောင်ရွက်မှုအစီရင်ခံစာနှင့် အသင်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်မည့် အဆိုပြု ချက်များကို ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် AACC အသင်းကြီး၏ ဘုတ်အဖွဲ့ဝင်နိုင်ငံ များအစည်းအဝေးတွင် ဆွေးနွေးမည့် ဘန်ကောက်ကြေညာစာတမ်း(မူကြမ်း)အပေါ် ဆွေးနွေး ခဲ့ကြသည်။
ယနေ့ကျင်းပသည့် AACC အသင်းကြီး၏ အထွေထွေအတွင်းရေးမှူးချုပ်များအစည်း အဝေးသို့ အဖွဲ့ဝင်နိုင်ငံ (၁၄) နိုင်ငံမှ ကိုယ်စားလှယ် (၃၁) ဦးတက်ရောက်ခဲ့ပြီး အစည်းအဝေး ကို မွန်းလွဲ ၂ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။