နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဒေါ်လှမျိုးနွယ်နှင့် အဖွဲ့ ကိုရီးယားသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ ၂၀၁၉ခုနှစ်၊ ဇွန်လ ၂၁ ရက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဒေါ်လှမျိုးနွယ်နှင့်အဖွဲ့သည် ကိုရီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတနိုင်ငံ ဆိုလ်းမြို့တွင် ဇွန် ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပသည့် အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူတရားရုံးများအဖွဲ့ (AACC) ၏ ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ ည ၁၀ နာရီက လေကြောင်းခရီးဖြင့် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့မှ ပြန်လည်ရောက်ရှိလာသည်။
အဆိုပါအဖွဲ့အား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။