နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးကျော်ဆန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တောင်အာဖရိကနိုင်ငံသို့ ထွက်ခွာ

နေပြည်တော်၊ ၂၀၁၉ ခုနှစ်၊ မတ် ၂ ရက်

  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးကျော်ဆန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တောင်အာဖရိကနိုင်ငံ၏ အသွင်ကူးပြောင်းရေးလုပ်ငန်းများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ၏ အခန်းကဏ္ဍများကို မတ်လ ၂ရက်နေ့ မှ ၁၀ ရက်နေ့ထိ သွားရောက်လေ့လာရန်အတွက် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘတ်မြို့သို့ ၂-၃-၃၀၁၉ ရက်နေ့ နံနက် ၂နာရီ မိနစ်၃၀ အချိန်တွင် လေကြောင်းခရီးဖြင့် ထွက်ခွာရာတာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်ကြသည်။

  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးကျော်ဆန်းနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် ခုံရုံးအဖွဲ့ဝင် ဦးတင်မောင်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဦးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ညွှန်ကြားရေးမှူး ဦးညီညီလွင်တို့ လိုက်ပါသွားကြပါသည်။

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin
မန္တလေးမြို့

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin