နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ချို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ
နေပြည်တော်၊၂၀၁၉ခုနှစ်၊မေလ ၁၆ရက်နေ့
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးခင်မောင်ချို ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံး ဥက္ကဋ္ဌ နှင့် တရားရေးဝန်ကြီးတို့၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ မေလ (၁၄)ရက်နေ့မှ (၁၇) ရက်နေ့ထိကျင်းပမည့် "(၉)ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေဖိုရမ်" သို့ တက်ရောက်ရန်အတွက် ယနေ့ ၁၉:၄၅ နာရီအချိန်တွင် ရန်ကုန်မြို့မှ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့သို့ လေကြောင်းခရီးဖြင့်ထွက်ခွာသွားရာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လိုက်ပါပို့ဆောင်ကြသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးခင်မောင်ချိုနှင့်အတူ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ပိုင် လိုက်ပါသွားကြောင်း သတင်းရရှိသည်။