နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့ အစည်းများအသင်း (AACC) နှင့် အာဖရိကဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေး (CCJA) ပူးတွဲညီလာခံ

နေပြည်တော်၊ ၂၀၂၂ အောက်တိုဘာ ၄ ရက်နေ့ မှ ၆ ရက်နေ့ ထိ

    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးခင်မောင်ဦး ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၄ ရက်နေ့တွင်ကျင်းပသည့် အာရှဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း(AACC)နှင့် အာဖရိကဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားစီရင်ရေး (CCJA) ပူးတွဲညီလာခံသို့ Online မှတစ်ဆင့် တက်ရောက် ခဲ့သည်။

   အဆိုပါ ပူးတွဲညီလာခံသည် “Promoting Asian-African Cooperation for the Protection of People’s Fundamental Rights” ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ပူးတွဲ ညီလာခံသို့ AACC အဖွဲ့ဝင်နိုင်ငံ (၁၆) နိုင်ငံ နှင့် CCJA အဖွဲ့ဝင်နိုင်ငံ(၂၉) နိုင်ငံတို့မှ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံး/ ခုံရုံး/ ကောင်စီများ၏ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများ တက်ရောက်ကြသည်။ AACC အဖွဲ့ဝင်နိုင်ငံများနှင့် CCJA အဖွဲ့ဝင်နိုင်ငံများမှ ဥပဒေပညာရှင်များက စာတမ်းများဖတ်ကြား၍ အသိအမြင်နှင့် အတွေ့အကြုံ ဗဟုသုတများကို ဖလှယ်ခဲ့ကြသည်။

   ထို့အတူ အောက်တိုဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာတရားစီရင်ရေး ကမ္ဘာ့ညီလာခံအသင်း(WCCJ)၏ (၅) ကြိမ်မြောက်ညီလာခံသို့ အွန်လိုင်းမှတစ်ဆင့် ဆက်လက်တက်ရောက်ခဲ့သည်။ အဆိုပါညီလာခံကို “Constitutional Justice and Peace” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ရာ WCCJ အဖွဲ့ဝင် နိုင်ငံပေါင်း (၉၈) နိုင်ငံမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး/ ခုံရုံး/ ကောင်စီတို့၏ တရားသူကြီးချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများ၊ ဖိတ်ကြားထားသော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ဥပဒေပညာရှင် များ တက်ရောက်ကြပြီး အသိအမြင်အတွေ့အကြုံ ဗဟုသုတများ ဖလှယ်ခဲ့ကြသည်။

   အဆိုပါညီလာခံများသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်ဦးခင်မောင်ဦး နှင့်အတူ ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေဆုလှိုင် နှင့် ဦးစီးအရာရှိ ဦးငွေထွန်းတို့ တက်ရောက်ခဲ့ကြသည်။

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin
မန္တလေးမြို့

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin