နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဒသမအကြိမ်မြောက် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော်၊၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလ ၂၅ရက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဝန်ထမ်းမိသားစုများ ၏ ဒသမအကြိမ်မြောက် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးအမှတ် ၅၄ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဉီးမျိုးညွန့် တက်ရောက်၍ ကထိန်လျာသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့သည်။
ပထမဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။ ထိုနောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆရာတော်သံဃာတော်များအား ကထိန်လျာ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ ဆက်လက်၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးတင်မောင်မြင့်၊ ဦးမြင့်ဝင်း၊ ဦးမျိုးမြင့်၊ ဦးခင်မောင်ချိူ၊ ဒေါ်ခင်ဌေးကြွယ် နှင့် ဒေါ်လှမျိုးနွယ်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ကြသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဒသမအကြိမ်မြောက် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ဝန်ထမ်းမိသားစုများ စုပေါင်းလှူဒါန်းသော ပဒေသာပင်တန်ဖိုးမှာ ကျပ် ၁၆၂၆၅၀ဝိ/ ဖြစ်သည်။