နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ (၁၂) နှစ်မြောက် ရုံးနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၃ မတ် ၃၀

  ၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ (၁၂) နှစ်မြောက် ရုံးနှစ်ပတ်လည်နေ့ အထိမ်း အမှတ် အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးခန်း အမှတ်(၂)တွင် ကျင်းပခဲ့ပါသည်။

  ၂။ အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေး၊ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊အမှုထမ်းများ တက်ရောက်ခဲ့ ကြပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသာဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

  ၃။ ထို့နောက် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ဆောင်ရွက်ခဲ့ သည့် လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများပါဝင်သော Vedio clip ကို (၁၀) မိနစ်ကြာ ပြသခဲ့ပါသည်။

  ၄။ ဆက်လက်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌက ဝန်ထမ်း ၁၁၉ ဦး အတွက် ရုံးဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ဝန်ထမ်းများကိုယ်စား အရာထမ်းတစ်ဦးက လက်ခံ ရယူခဲ့ပါသည်။

  ၅။ အဖွဲ့ဝင်တစ်ဦးချင်းစီက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် အရာထမ်း(၁)ဦး၊ အခြားဝန်ကြီးဌာနများမှ ဖွင့်လှစ်သည့် သင်တန်းများတွင် ထူးချွန်ဆုရရှိသူ(၅)ဦး၊ ရုံးတက်မှန်ဆုရရှိသူ အရာထမ်း၊အမှုထမ်း ဝန်ထမ်း(၄)ဦး နှင့် ရုံးနှစ်ပတ်လည်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်း၊ (၁၂)နှစ်မြောက် ရုံးနှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် အထူးဆုမဲများအပါအဝင် ဗလာမပါကံစမ်းမဲ ဖောက်ပေးခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

  ၆။ ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များသည် ဝန်ထမ်းများနှင့်အတူတကွ ညစာသုံးဆောင်ခဲ့ကြပြီး ညစာ သုံးဆောင်နေစဉ် ဝါသနာရှင်ဝန်ထမ်းများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပါသည်။

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin
မန္တလေးမြို့

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin