နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်များအား အင်္ဂလိပ်ဘာသာပြန်ဆိုခြင်း (Legal English) သင်တန်းဖွင့်လှစ်ခြင်း

နေပြည်တော် ၂၀၂၂-၅-၂၇
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အရာထမ်းများ၏ အင်္ဂလိပ်ဘာသာ အရည် အသွေး တိုးတက်စေရန်နှင့် ရုံးလုပ်ငန်းတာဝန်များကို အထောက်အပံ့ဖြစ်စေရန်အတွက် ခုံရုံး၏ ဆုံးဖြတ်ချက်များကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစုနိုင်ရေး ဘာသာပြန်ဆိုရေးသားခြင်း သင်တန်း(Legal English) ကို ပြင်ပဉပဒေပညာရှင် ဦးအလုံးမောင်အား ဖိတ်ကြား၍ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ သင်ကြားပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းကို (၁၆-၅-၂၀၂၂) ရက်နေ့မှ (၂၅-၅-၂၀၂၂) ရက်နေ့ထိဖွင့်လှစ်ခဲ့ပြီး သုတေသနအရာရှိ (၁၅)ဦး တက်ရောက်ခဲ့ကြပါသည်။