နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ရုံးလုပ်ငန်းသုံးကွန်ပျူတာမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ


နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီလ ၂၉ ရက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ရုံးလုပ်ငန်းသုံး ကွန်ပျူတာမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၉-၂-၂၀၂၄ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီ တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးခန်းအမှတ် (၂)၌ ကျင်းပပြုလုပ်ခဲ့ရာ အမြဲတမ်း အတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြ ပါသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနား၌ အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာစကားပြောကြား ရာတွင် ဤရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ စွမ်းဆောင်ရည်စဉ်ဆက်မပြတ် တိုးတက်မြင့်မားစေရန်နှင့် လုပ်ငန်းခွင်အတွင်း ရုံးလုပ်ငန်းများဆောင်ရွက်ကြရာတွင် ကွန်ပျူတာ ကို ကျွမ်းကျင်ပိုင်နိုင်စွာနှင့် စနစ်တကျ မြန်မြန်ဆန်ဆန် ကိုင်တွယ်အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဌာနခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အမှုထမ်း (၁၂) ဦးကို လေ့ကျင့်သင်ကြား ပေးခဲ့ကြောင်း၊ သင်တန်းမှသင်ကြားပို့ချပေးလိုက်သော သင်ခန်းစာများ၊ အသိပညာ၊ အတတ်ပညာ များကို မိမိတို့လုပ်ငန်းခွင်များတွင် အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချသွားရန်ဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်းတာဝန်များ ဆောင်ရွက်ကြရာတွင် တိကျလျင်မြန်မှုနှင့် သတင်းအချက်အလက်လုံခြုံမှု ရှိစေရန်လိုအပ်သည့်အတွက် အထူးအလေးထားဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ လေ့ကျင့်သင်ကြား ပေးမှုပြီးဆုံးသော်လည်း ဆက်လက်၍စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားကြရန်တိုက်တွန်း လိုပါကြောင်း၊ မိမိတို့အရည်အချင်းများကို အစဉ်တိုးတက်နေအောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားလေ့လာသင်ယူသွားကြရန်နှင့် ပေးအပ်ထားသည့်လုပ်ငန်းတာဝန်များကို စနစ်တကျ၊ တိတိ ကျကျ၊ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ဆောင်ရွက်ပြီး ဌာန၏ဂုဏ်သိက္ခာ တိုးတက်မြင့်မား လာအောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်မှ သင်တန်းတွင်ထူးချွန်ဆုရရှိသူ သင်တန်းသူနှင့် သင်တန်းသား များအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။