နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဉပဒေဆိုင်ရာခုံရုံး

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဉပဒေအားလုံး၏ အခြေခံဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ရုံးလုပ်ငန်းသုံးကွန်ပျူတာမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီလ ၅ ရက်

   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ရုံးလုပ်ငန်းသုံး ကွန်ပျူတာမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁:၀၀ နာရီတွင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ရုံးခန်းအမှတ် (၂) ၌ ကျင်းပပြုလုပ်ခဲ့ရာ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြား ရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

   အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်က သင်တန်းဖွင့်အမှာစကား ပြောကြားရာ၌ ရုံးဝန်ထမ်းများအနေဖြင့် ကွန်ပျူတာကိုင်တွယ်အသုံးပြု၍ ရုံးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် စနစ်တကျ မြန်ဆန်စွာ ကိုင်တွယ်အသုံးပြုနိုင်ပြီး အရည်အသွေးပြည့်ဝသည့် ရုံးဝန်ထမ်းများဖြစ်စေရန် ရည်ရွယ်သည့်အပြင် မိမိတို့ဌာနခွဲအသီးသီးတွင် ဆောင်ရွက်နေရသည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာနှင့် သွက်လက်ထက်မြက်စွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့်သင်တန်းဖြစ်ကြောင်း၊ သင်တန်းတွင် အမြဲတစေ သိသင့်သိထိုက်သည့် မှတ်သားသင့် မှတ်သားထိုက်သော သင်ခန်းစာများနှင့် ဗဟုသုတများကို ကျွမ်းကျင်သည့်ပုဂ္ဂိုလ်များမှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည့်အတွက် သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်ခန်းစာသင်ကြားပို့ချချက်များအပေါ် စိတ်ပါဝင်စားစွာဖြင့် ဂရုတစိုက် ကြိုးစားလေ့လာသင်ယူကြရန်လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

   ရုံးလုပ်ငန်းသုံးကွန်ပျူတာမွမ်းမံသင်တန်းသို့ သင်တန်းသား/သင်တန်းသူ ၁၂ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ ၅ ရက်မှ ၂၉ ရက်အထိ ရက်သတ္တပတ် ၄ ပတ် ကြာမြင့်မည် ဖြစ်ကြောင်းသိရသည်။

Read more

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၆-၂-၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်

By admin
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်   နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော နိုင်ငံ့ ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေ

By admin
မန္တလေးမြို့

မန္တလေးမြို့

မန္တလေးမြို့ သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်း၌ တည်ရှိပါသည်။ မြန်မာနိုင်ငံ၏မြောက်ဖက်ပိုင်း စီးပွားရေးအချက်အခြာကျသည့်မြို့ဖြ

By admin

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းဒေသကြီး၏ မြို့တော်မှာမကွေးမြို့ဖြစ်သည်။ မကွေးတိုင်းဒေသအတွင်းတွင် တူးဖော် ရရှိမှုများသည် လွန်ခဲ့သော နှစ်သန်းပေါင်း(၄၀၀)ကျော်က မူလကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်

By admin