နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းများဖတ်ကြားခြင်း အခမ်းအနား
နေပြည်တော်၊ ၂၀၂၂ အောက်တိုဘာလ ၂၇ ရက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၂၇-၁၀-၂၀၂၂ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် သုတေသနစာတမ်းများ ဖတ်ကြားခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဒေါ်သီတာတင် (ဒုတိယညွှန်ကြားရေးမှူး)နှင့် ဒေါ်အိအိစိုး (လက်ထောက်ညွှန်ကြားရေးမှူး) တို့က “သြစတြေးလျနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ ဒေါ်နမ့်ယဉ်ယဉ်နွယ် (ဒုတိယညွှန်ကြားရေးမှူး) နှင့် ဒေါ်ခင်မွန်ဌေး (ဒုတိယဉီးစီးမှူး) တို့က “တာဂျစ်ကစ္စတန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်အား လေ့လာ တင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြား ရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်း များမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/အမှုထမ်း များတက်ရောက်ခဲ့ပါသည်။