နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းများဖတ်ကြားခြင်း အခမ်းအနား




နေပြည်တော်၊ ၂၀၂၃ မေလ ၁၁ ရက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၁၁-၅-၂၀၂၃ ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင် သုတေသနစာတမ်းများဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာချစ်အေးအေးကြည် နှင့် ဒုတိယဉီးစီးမှူး ဒေါ်မေဇာအောင်တို့က AACC အဖွဲ့ဝင်နိုင်ငံများ၏ (၉) ကြိမ်မြောက် နွေရာသီသင်တန်းတွင် ထိုင်းဘုရင့်နိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးက တင်ပြခဲ့သည့် “စီရင်ချက်များကို အကောင်အထည်ဖော်ရာတွင် ရင်ဆိုင်ကြုံတွေ့ ရသည့်အခက်အခဲများ” စာတမ်းအား လေ့လာတင်ပြခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြည်ကြည်ခင် နှင့် ဒုတိယဉီးစီးမှူး ဒေါ်ဟေမာသိန်းတို့က “နိုင်ငံတော်သမ္မတ ရွေးကောက် တင်မြှောက်မှု အက်ဥပဒေ ပုဒ်မ ၇ အရ တရားလွှတ်တော်ချုပ်ထံသို့ လွှဲအပ်သည့် (လွှဲအပ်မှုအမှတ် ၁/ ၁၉၅၂)အား လေ့လာတင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြားရှင်းလင်း တင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်းနှင့်ပြန်လည်ဖြေကြားဆွေးနွေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။