နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းများဖတ်ကြားခြင်း အခမ်းအနား



နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာလ ၂၁ ရက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၂၁-၉-၂၀၂၃ ရက် ၉:၃၀ နာရီအချိန်တွင် သုတေသနစာတမ်းများဖတ်ကြားခြင်းအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သန္တာရီလင်းက “ကမ္ဘောဒီးယားနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း လေ့လာ တင်ပြခြင်း” သုတေသနစာတမ်းကိုလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ မေကျော့မှူးနှင့် ဒုတိယဦးစီးမှူး ဒေါ်မေဇာအောင်တို့က “အိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်က ဆုံးဖြတ် ခဲ့သော စာချွန်တော်လျှောက်ထားမှုအမှတ် ၁၀၃၁/၂၀၁၉ အားလေ့လာတင်ပြခြင်း” သုတေသန စာတမ်းကိုလည်းကောင်း အသီးသီးဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်း၊ စာတမ်းကြီးကြပ်သူများဖြစ်ကြသော ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းနှင့် ခုံရုံးအဖွဲ့ဝင် ဦးစောစံလင်းတို့က သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။