နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနား


နေပြည်တော်၊ ၂၀၂၄ ဇူလိုင်လ ၂၅ ရက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၂၅-၇-၂၀၂၄ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ ဦးကျော်ဇေယျ (ညွှန်ကြားရေးမှူး)နှင့် ဒေါ်ကေဇင်ကျော် (ဦးစီးအရာရှိ)တို့က “ရုရှားဖက်ဒရေးရှင်း နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၏ စီရင်ချက်အမှတ် ၂၂-၂/၂၀၁၇(No.22-II/2017) အကြောင်း လေ့လာတင်ပြခြင်း” သုတေသနစာတမ်းကို ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်း၊ စာတမ်းကြီးကြပ်သူ ခုံရုံးအဖွဲ့ဝင် ဦးစောစံလင်းက သုံးသပ်ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။