နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနား


နေပြည်တော်၊ ၂၀၂၄ သြဂုတ်လ ၈ ရက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၈-၈-၂၀၂၄ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ ဒေါက်တာခင်သန္တာစိုး (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဒေါ်မေသန္တာစိုး (ဒုတိယဦးစီးမှူး)တို့က “ချန်ယုတနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ (တရားမပဌမအယူခံမှုအမှတ် ၁၁၄/၁၉၆၃) အမှုအား လေ့လာတင်ပြခြင်း” သုတေသနစာတမ်းကို ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်း၊ စာတမ်းကြီးကြပ်သူ ခုံရုံးအဖွဲ့ဝင် ဒေါ်နန်းစန္ဒာစမ်းက သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။