နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနား


နေပြည်တော်၊ ၂၀၂၄ မေလ ၂၃ ရက်
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ အစည်းအဝေးခန်းမ၌ ၂၃-၅-၂၀၂၄ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် သုတေသနစာတမ်းဖတ်ကြားခြင်း အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မွန်မွန်စံက “ဂျော်ဒန်ဘုရင့်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့သည့်အမှုအား လေ့လာတင်ပြခြင်း”သုတေသနစာတမ်းကို ဖတ်ကြားရှင်းလင်း တင်ပြခဲ့ပြီး မေးခွန်းများမေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားဆွေးနွေးခြင်း၊ စာတမ်းကြီးကြပ်သူ ခုံရုံးအဖွဲ့ဝင် ဦးစောစံလင်းက သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။